" ဖြေးဖြေးလာလေ ဆောနူ "
ကျောင်းပေါက်ဝကနေ အကို့ကားကိုမြင်ကတည်းကဆောနူအပြေးတစ်ပိုင်းကားရှိရာဆီရောက်ရှိလာခြင်း။အလျင်စလိုရောက်လိုတဲ့အခါ အပြေးတစ်ပိုင်းဖြစ်တတ်တာဆောနူရဲ့အကျင့်လိုပင်။မေမေဆိုအမြဲဆူတတ်သည်။အကိုကလည်းအဲ့လိုတွေမလုပ်ဖို့အမြဲပြောတတ်သည်။
ဟီးကနဲချစ်စရာကောင်းအောင်ရယ်ပြလာတဲ့ကောင်လေးကြောင့် ဆောင်းဟွန်းဆူရမည်ဆိုရင်တောင်မဆူရက်။ဒီကလေးကမဆူရက်စရာကောင်းလောက်အောင်ချစ်စရာကောင်းသည်။
" မောင်းလို့ရပြီဗျ "
ခါးပတ်ပတ်ပြီးတဲ့အခါကားမောင်းလို့ရပြီဖြစ်ကြောင်းချစ်စရာကောင်းအောင်ယဉ်ကျေးစွာလည်းပြောတတ်သေးသည်။ခေါင်းလုံးလုံးလေးကိုတစ်ချက်ပုတ်ကာကားကိုမောင်းထွက်ခဲ့သည်။
" ဒီနေ့ရောဘာစားချင်သေးလဲ ဆောနူ "
ကားကိုဂရုစိုက်မောင်းနေသည့် အကို့ကိုသူငေးနေမိသည်။ဒါကလည်း အကို့ဘေးနားဆောနူရှိနေသည့်အခါတိုင်းငေးရစမြဲဖြစ်သည်။အကိုက ကျွန်တော့်အတွက်တော့ဘယ်အချိန်ပဲငေးငေး ငေးမဝတဲ့သက်ရှိဖြစ်တည်မှုလေး။
" မြေအိုးမြှီးရှည်စားချင်တယ်
စပ်စပ်လေး "ကျွန်တော်ကငယ်သေးတော့ဆိုင်ကောင်းကောင်းရှိတဲ့နေရာတွေအသိ။သူငယ်ချင်းတွေနဲ့လျှောက်လည်တတ်သည့်အကျင့်လည်းမရှိတော့ပိုဆိုးသည်။ဘယ်နေရာမှာဘာရှိလဲဆိုတာကိုသိရဖို့ကျွန်တော်တော်တော်လေ့လာရအုံးမည်။အကိုကတော့ညနေတိုင်းတစ်နေ့တစ်မျိုးမရိုးရအောင်ဆိုင်ပေါင်းစုံကိုခေါ်သွားပေးတတ်သည်။
ယခုအကိုခေါ်လာသည့်ဆိုင်ကလမ်းကြားလေးထဲမှာဖြစ်တာမို့လူသွားလူလာသိပ်မရှိ။အကိုခေါ်လာသည့်ဆိုင်ကကောင်းရောကောင်းပါ့မလားလို့ ဆောနူတွေးနေမိသည်။ဆိုင်လေးကိုရောက်တဲ့အခါ ဆောနူအတွေးတို့ကမမှန်ကန်ကြောင်းပြနေသည်။
ဒီဆိုင်လေးကလမ်းကြားလေးထဲမှာဆိုပေမဲ့ သူ့ဟာနဲ့သူတော့
လူကျသည်။ညနေပိုင်းရောက်နေပြီမို့လူအများကြီးမရှိတော့ပေမဲ့အစားအသောက်တွေသိမ်းရန်ကျန်သေးသည့်စားပွဲဝိုင်းတွေကမနည်းမနော။အကိုက ပန်ကာရှိရာနဲ့မနီးမဝေးစားပွဲဝိုင်းဆီသို့ဦးတည်ခေါ်သွားသည်။