Ep 8

552 72 2
                                    

" ကျွန်တော်ဂေးတစ်ယောက်မဟုတ်ပါဘူး ဟင့် "

ကျွန်တော်အထင်လွဲသွားမှာကိုစိုးရွံသည့်ဟန်ဖြင့်ငိုမဲ့မဲ့လေးနဲ့ဖြေရှင်းချက်ပေးလာသည်။မျက်ရည်တွေနဲ့မို့ပါးလေးနှစ်ဖက်ကရဲရဲနီနေပြီးမျက်နှာနုနုကလေးထက်မျက်ရည်တွေကပေပွလျက်။ငိုနေတာတောင် ကလေးတစ်ယောက်လိုဖြူစင်လွန်းတဲ့ဒီကောင်လေးကို ဆောင်းဟွန်းအပြစ်လေးတစ်စွန်းတစ်တောင်မမြင်ရက်။

ကိုယ်တွေလိုအရွယ်ရောက်ပြီးသားလူတွေတောင်ဒီပြဿနာနဲ့ရင်ဆိုင်ရတဲ့အခါအနည်းနဲ့အများတော့ဖိအားတွေရှိတတ်ကြတယ်မဟုတ်လား။ဒီကောင်လေးအပေါ် ကိုယ့်ခံစားချက်တွေမူမမှန်မဖြစ်ခဲ့ရတဲ့အချိန်တုန်းကတောင်သူထိတ်လန့်ခဲ့ရဖူးသည်။အသက်မပြည့်သေးတဲ့ဒီကလေးဆိုဘယ်လောက်တောင်ဖိအားတွေများခဲ့ရမလဲ။မိဘတွေအပေါ်သိတတ်လွန်းတဲ့ကလေးဖြစ်တာမို့ပိုဆိုးသည်။

ဒီကောင်လေးစိတ်ထဲကိုယ်နဲ့ပတ်သက်ပြီးရှိန်သွားတာမျိုးတွေ၊
မဝံ့မရဲဖြစ်သွားတာမျိုးတွေနည်းနည်းလေးမှမဖြစ်စေချင်။ဘယ်သူ့ကိုမှဖွင့်ဟဝန်မခံရဲတောင် သူ့ကိုတော့စိတ်ထဲရှိတဲ့အတိုင်းဖွင့်ဟဝန်ခံစေချင်သည်။ကျွန်တော်က ဒီကောင်လေးအတွက်ရင်ထဲရှိတဲ့အတိုင်းဖွင့်ပြောဖို့အရိပ်အခြေကြည့်နေရတဲ့သူတစ်ယောက်လိုမျိုးမဖြစ်ချင်။

" အကိုနားလည်ပါတယ် "

" မဟုတ်ဘူး အကိုနားမလည်ပါဘူး "

လက်သီးလေးနှစ်ဖက်ကိုကျစ်နေအောင်ဆုပ်ပြီးခေါင်းလေးကိုတွင်တွင်ရမ်းကာရှိုက်ကြီးတငင်ငင်ငိုနေတဲ့ ကောင်လေးရဲ့လက်သီးဆုပ်လေးများကိုသူဖြည်းညှင်းစွာဖြည်လျှော့ပေးရင်းမငိုဖို့ချော့ရသည်။ကျွန်တော့်ရှေ့မှာ တခြားသူတစ်ယောက်၏စော်ကားပြောဆိုခြင်းကိုခံခဲ့ရတာမို့ဒီကောင်လေးရှက်နေတာကိုလည်းနားလည်ပါသည်။

" ဆောနူ ၊ မငိုရဘူးလေမျက်လုံးတွေနာကုန်လိမ့်မယ်၊
အကို့ကိုသေချာကြည့် "

လေပြည်အေးလေးနှင့်ချော့ပြောတော့လည်း ကောင်လေးကစကားကိုနားထောင်ရှာသည်။ထိုကောင်လေး၏မျက်ဝန်းဝိုင်းလေးထဲမျက်ရည်စလေးများအရောင်တလဲ့လဲ့ထနေခြင်းကလည်းမြတ်နိုးချင်စရာကောင်းလောက်အောင်လှနေသည်။

နွံမှာ.... ကျွံတဲ့အသည်း ( Completed )Where stories live. Discover now