" ခါးပတ် ပတ်ပေးပါဗျ "
လက်လေးနှစ်ဖက်ကိုမြှောက်ကာနှစ်ခြိုက်စွာပြုံးရင်းပူဆာတော့ ဆောင်းဟွန်းမှာထိုကောင်လေးအားအသည်းတယားယား။ပါးဖောင်းတစ်ဖက်ကိုအသည်းယားစွာဆွဲဖဲ့လိုက်သည်။
ခါးပတ်ပတ်ပေးရန်ထိုကောင်လေးဘေးမှခါးပတ်ကြိုးအားလှမ်းယူစဉ် ဆောင်းဟွန်းရဲ့ပါးတစ်ဖက်မှာနွေးကနဲ။သူ့ဘာသူနမ်းပြီးရှက်နေတဲ့ကလေးဆိုးလေးကြောင့် ဆောင်းဟွန်းနှစ်ခြိုက်စွာပြုံးမိသည်။" ကိုယ့်အလစ်မှာခိုးနမ်းတယ်ပေါ့လေ "
ကိုယ့်ထိုင်ခုံမှခါးကိုင်းအနေအထားဖြင့်သာထိုကောင်လေးမျက်နှာနှင့်နီးကပ်စွာစကားဆိုလေတော့ကလေးဆိုးလေးကရှက်ရမ်းရမ်းကာနှုတ်ခမ်းတထော်ထော်နှင့်ပြန်ပြောသေးသည်။
"ခိုးနမ်းတာမဟုတ်ဘူးပေါ်တင်နမ်းတာ"တဲ့လေ။" ဟားဟား ဟုတ်ပါပြီလူလည်လေးရော "
နှာဖျားလေးအားအသည်းယားစွာဆွဲမိတော့ချစ်စဖွယ်ကောင်းအောင်နှာခေါင်းရှုံ့ပြသေးသည်။
" ဒီနေ့ရော ဘာစားမလဲ "
" ဟော့ပေါ့စားချင်တယ် "
ကျောင်းရှေ့မှကားလေးထွက်သွားသည်နှင့်ထိုကားလေးကိုကြည့်ရင်းမဲ့ပြုံးပြုံးနေသူတစ်ယောက်ကတော့အောင်နိုင်သူလိုမျက်နှာထားဖြင့်။
******
" ဒါဘာလဲ ဆုန်းဂျယ် "
" မမ မြင်တဲ့အတိုင်းပဲလေ "
ယွန်းဂျယ်ရှေ့ရှိဖုန်းထဲမှဓာတ်ပုံတစ်ပုံ။အနည်းငယ်လှမ်းသည့်အကွာအဝေးမှရိုက်ထားတာမို့ဓာတ်ပုံထဲကသူတွေကိုသေချာစွာသိပေမဲ့ဘယ်လိုပုံဖြစ်သလဲဆိုတာကိုဝော့သည်းကွဲစွာမမြင်ရ။
မောင်ကဆောနူကို ကားခါးပတ်ပတ်ပေးနေပုံရကာမျက်နှာနှစ်ခုကအရမ်းနီးကပ်နေသည်။မသိရင်ဆောနူမှ မောင့်ပါးကိုနမ်းနေသယောင်ထင်ရသည်။
ဆုန်းဂျယ်ကိုကြည့်လိုက်သည့်အခါမှာ ဆုန်းဂျယ်ကတော့တစ်ခုခုကိုသိနေသည့်အလားမျက်နှာထားကခပ်မဲ့မဲ့။
" မောင်ကအဲ့လိုလူမဟုတ်ဘူး "
" နင်ကတော်တော်တုံးတာပဲ မမရဲ့ "