Ep 12

460 62 5
                                    

" အန်တီ့သားလေးကို မင်းလက်လွှတ်ပေးပါ "

" ကျွန်တော် ... "

" အန်တီတောင်းပန်ပါတယ်၊မင်းကျေနပ်တဲ့အထိတောင်းပန်မှာမို့မင်းကအန်တီ့သားလေးကိုလက်လွှတ်ပေးပါ "

မိခင်တစ်ယောက်ရဲ့သောကဗျာပါဒကိုသူနားလည်ပေမယ့်ဆောနူကိုလက်လွှတ်ဖို့က ဆောင်းဟွန်းအတွက်တော့ဘယ်လိုမှမဖြစ်နိုင်တဲ့အရာတစ်ခု။အန်တီကပြောရင်းတရှုံ့ရှုံ့ငိုသည်။
ကျွန်တော်ကိုယ်တိုင်လည်းဆုံးဖြတ်ချက်တွေကဝေဝေဝါးဝါး။
ဆောနူရဲ့အနာဂတ်ကို‌တွေးမိပြန်တော့လည်းရှေ့ဆက်ဖို့ကခက်ခဲနေသည်။ဆောနူကိုလက်လွှတ်ရမည်ဆိုတော့လည်းနှလုံးသားကလက်မခံနိုင်။ကိုယ်တို့ဘဝတွေကဆိုးလိုက်တာကောင်လေးရာ။

" အန်တီကတော့မင်းတို့ကိုလုံဝလက်မခံပေးနိုင်ဘူး ဆောင်းဟွန်း၊မင်းကအန်တီ သားတစ်ယောက်လိုချစ်ရတဲ့ကလေးပါ၊
ဒါကြောင့်လည်းမင်းဆီမှာ သားသားကိုယုံယုံကြည်ကြည်အပ်ခဲ့တာ၊ဒါပေမဲ့ မင်းက ....အန်တီတို့အပေါ်လုပ်ရက်လိုက်တာ "

နောက်ဆုံးတော့လည်းအပြစ်တွေအားလုံးကိုဖန်တီးသူကကျွန်တော်ကိုယ်တိုင်ဖြစ်ရသည်။ကျွန်တော်ကိုယ်တိုင်လည်းဆောနူကိုချစ်မိရုံကလွဲပြီးဘယ်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နေကျင်စေဖို့မရည်ရွယ်ခဲ့ရိုးအမှန်ပါ။ဒါပေမဲ့ ကျွန်တော်ရူးမိုက်စွာစွဲလန်းမိတဲ့အချစ်တစ်ခုကကျွန်တော့်ပတ်ဝန်းကျင်ကလူတိုင်းကိုအဆိပ်သင့်စေခဲ့သည်။

ဆောနူနဲ့ကျွန်တော်လည်းမတွေ့ရတာတစ်ပတ်ပင်ရှိခဲ့ပြီ။သိပ်လွမ်းနေပေမဲ့ပြေးတွေ့လို့မရတဲ့အခြေအနေမို့ရင်နာရပေမဲ့အံကြိတ်ခံနေရသည်။ဒီကလေးထိခိုက်စေဖို့မရည်ရွယ်ခဲ့ပေမဲ့
အားလုံးနည်းတူ ကျွန်တော်ချစ်ရသူပါနာကျင်နေရသည်။ကျွန်တော်ပဲမှားတာ။ကျွန်တော့်စိတ်ကိုကျွန်တော်သာထိန်းနိုင်ခဲ့ရင်ဒီလိုအခြေအနေတွေဖြစ်လာခဲ့မှာမဟုတ်ဘူး။အားလုံးက
အကြီးဖြစ်ပြီးမရင့်ကျက်နိုင်ခဲ့တဲ့ကျွန်တော့်အမှားတွေပါ။

" အန်တီ့သားနဲ့ထပ်ပြီးပတ်သက်ဖို့မကြိုးစားပါနဲ့တော့ ဆောင်းဟွန်း "

နွံမှာ.... ကျွံတဲ့အသည်း ( Completed )Where stories live. Discover now