I don't wanna wake up from this tonight

18 4 0
                                    

(unicode)
ဒီနေ့က ကျွန်တော့်ရဲ့ရက်လည်နေ့ပဲ။ညို့အနားတွင် ကုပ်ကပ်နေချင်သော်လည်း နေလို့မရတော့။ယနေ့ပြီးလျှင် ညိုတစ်ယောက်ထဲအမှန်တကယ် ကျန်ခဲ့တော့မည်။ညို့အနားတွင် ဝိဥာဥ်အဖြစ်နေနေသည့်တစ်လျှောက်လုံး ညို့ပုံစံအားသေချာသတိထားမိသည်။

ဆိုင်သွားလျှင် အလှပဆုံးဝတ်စား၍ လူအများရှေ့ပြုံးရယ်ကာ ဆိုင်တွင်အလုပ်ရှူပ်နေခဲ့သော်လည်း အိမ်ပြန်ရောက်လျှင်တော့ တခြားသူကဲ့သို့ဖြစ်သွားသည်။ညတိုင်း အိုင်းရစ်ရှ်ကော်ဖီတစ်ခွက်ဖျော်ပေး၍ ဝရံတာတွင်သာအိပ်တော့သည်။တစ်ခါတစ်ရံ ကြယ်ရောင်စုံနေသော နွေကောင်းကင်ကြီးအား ကြည့်ကာ သီချင်းလည်းညည်းတတ်သေး၏။

''I don't wanna wake up from this tonight''
(ငါနောက်ထပ် ထပ်ပြီးနိုးထမလာချင်တော့ဘူး)

ထိုသီချင်းစာကြောင်းလေးတစ်ကြောင်းကိုသာ ထပ်ခါထပ်ခါရွတ်ဆိုရင်း မျက်ရည်များနှင့်အိပ်ပျော်သွားရတော့ညို့အား ကျွန်တော်မည်ကဲ့သို့မျက်ရည်များသုတ်ပေးရမည်နည်း။မျက်ရည်တွေထပ်မကျစေရန် မည်သို့လုပ်ပေးရမည်နည်း။ညို့၏နှလုံးသား နာကျင်မှု့မရှိတော့အောင်မည်သို့လုပ်ပေးရမည်နည်း။အဖြေထွက်မလာခဲ့။အဖြေထွက်မလာခင် ကျွန်တော်သည် ညိုနှင့်ဝေးသွားခဲ့ရလေပြီ။အပြီးအပိုင် နှုတ်ဆက်သွားရလေပြီ။ထွက်မသွားခင် နောက်ဆုံးအနေနှင့်ညို့အား အားပါးတရဖက်ခဲ့သည်။ကျွန်တော်ထွက်သွားခဲ့ရပြီ။

''နှုတ်ဆက်ခဲ့တယ် ညို...လူကောင်းတစ်ယောက်နဲ့ဆုံတွေ့ရင်း လက်ထပ်ပြီး ပျော်ရွှင်သွားဖို့လည်း ဆုတောင်းပေးတယ်ညို...ကျွန်တော့်ကို မေ့ပြီးနေသွားနိုင်ဖို့လဲ ဆုတောင်းပေးခဲ့တယ်ညို...အကယ်၍များ နောက်ဘဝဆိုတာရှိခဲ့ရင် ညို့အနားမှာပဲနေပြီး ဂရုတစိုက်နဲ့ထပ်ချစ်ပေးပါ့မယ် ညို...ချစ်တယ်...ညို''

+ + + +

ကို့ရဲ့ရက်လည်ဆွမ်းသွပ်အပြီးမှာ ညိုဆိုင်ကိုပဲပြန်လာခဲ့သည်။အကယ်၍ အိမ်ပြန်မိလျှင် ညို ကို့အကြောင်းကိုတွေးရင်း စ်ိတ်အခြေအနေများပို၍ဆိုးလာလိမ့်မည်။အလုပ်လုပ်နေလျှင်တော့ကို့ကိုလွမ်းသည့်စိတ်၊ကို့နောက်လိုက်သွားချင်သည့်စိတ်များကို ထိန်းချုပ်နိုင်လိမ့်မည်ဟုထင်မိသည်။ထို့ကြောင့် ဆိုင်သို့သာ တန်းသွားလိုက်သည်။

ကြောင်နေတဲ့ငါနဲ့ကြောင်လေးနဲ့ငါWhere stories live. Discover now