kiss me hard

24 5 1
                                    

(Unicode)

ဝရံတာတွင်နှစ်ယောက်သားကော်ဖီသောက်ကာ စာအုပ်ဖတ်ရင်းအားလပ်ရက်တွင်အပြည့်အဝဇိမ်ခံနေကြသည်။မနက်၇နာရီခွဲခန့်ရှိပြီဖြစ်တာကြောင့် လမ်းမပေါ်တွင်လူများသွားလာ၍ကားသံများလည်းဆူညံနေပေပြီ။အပေါ်ဆုံးထပ်ဖြစ်၍အသံသိပ်မကြားရသော်လည်း ထိုအသံများဖုံးလွှမ်းအောင် ညိုသဘောကျသည့်သီချင်းများလည်းဖွင့်ထားသေး၏။ညိုဟာမနက်ခင်းရဲ့နေရောင်တွေကြားထဲက နတ်သမီးလေးနဲ့တူတယ်။ညို့ရဲ့အညိုရောင်မျက်လုံးတွေကထိုနေရောင်ကြောင့်ပို၍အရောင်တောက်ကာလှပသည်ဟူ၍လည်းခဏခဏပြောသေး၏။ယခုလဲ စာမဖတ်ပဲညို့အားတစိမ့်စိမ့်ထိုင်ကြည့်နေသည်ကြောင့် ညိုစာထဲအာရုံစိုက်မရတော့ချေ။

''ဟဲ့...နင်စာမဖတ်ပဲဘာလို့ငါ့ကြည့်နေတာလဲ''

''ညို့ကနွေရာသီရဲ့အလှနတ်သမီးလေးနဲ့တူလို့''

ထိုစကားကိုအထပ်ထပ်အခါခါကြားဘူးသည်။ကြားဘူးသည်တိုင်အောင်လဲ ကျင့်သားမရသေးပေ။ထို့သို့ပြောသည့်အခါတိုင်း ညို့မျက်နှာသည်ပန်းရောင်သန်းသွားတတ်သည်။

''အဟွန်းစမနေနဲ့တော့စာပဲဖတ်''

ညိုမျက်စောင်းထိုးကာ စာအုပ်ဆီသို့အကြည့်များပြန်ရောက်သွား၏။ဆယ့်ငါးမိနစ်ခန့်အကြာတွင် စာအုပ်အားရင်ဘတ်ပေါ်တင်ကာ အဝေးသို့ငေးကြည့်ရင်းသက်ပြင်းရှည်ကြီးချ၏။ညိုဘာများစိတ်မကျေနပ်လို့များလည်းဟူ၍ စိတ်ပူကာ စာအုပ်အားအောက်ချကာ ညို့ဘက်လှည့်ထိုင်လိုက်၏။

''ညို...ဘာဖြစ်လို့လဲ...နေမကောင်းလို့လားဘာလို့သက်ပြင်းချလိုက်တာလဲ စိတ်မကျေနပ်စရာရှိလို့လား''

ကို့အားတစ်ချက်စောင်းငဲ့ကြည့်လိုက်၏။ထို့နောက်ခေါင်းရမ်းပြကာ

''ဘာမှမဖြစ်ပါဘူး ဒီဝတ္ထုကအရမ်းဝမ်းနည်းစရာကောင်းလို့ အကယ်၍ကိုသာတစ်ခုခုဖြစ်သွားလို့ရှိရင် လည်းညိုနေနိုင်မှာမဟုတ်ဘူးသိလား''

''ပေါက်ကရတွေပြောပြန်ပြီ ကိုယ်ကညို့နားမှသေတဖန်သက်တဆုံးနေမှာသိလား ကိုယ်သေသွားခဲ့ရင်ကိုယ်ကမဖြစ်ဖြစ်တဲ့နည်းနဲ့ညို့ဆီအရောက်ပြန်လာမှာ''

ကြောင်နေတဲ့ငါနဲ့ကြောင်လေးနဲ့ငါWhere stories live. Discover now