မိညို

25 3 0
                                    

( Unicode)

''မိညို''

မတရားသဖြင့်ပြောနေသော အမျိုးသမီးကြီးနှင့်ဆံပင်ဆွဲဆောင့်ကာ ရန်ဖြစ်နေခိုက် အဖေဖြစ်သူ၏အော်သံကြောင့် ထိုအမျိုးသမီး၏ဆံပင်များ ဆွဲဆုပ်ထားရမှာ လွှတ်ပေးလိုက်သည်။ကပိုကယိုဖြစ်နေသော ဆံပင်များအားပြန်ပြင်ပြီးမှ ထိုအမျိုးသမီးအားလက်ညိုးညွှန်ကာ အဖေဖြစ်သူ နောက်တစ်ခွန်းထပ်မဟခင်

''သူအရင်လာစလို့ဖြစ်ရတာ ညို့အပြစ်မဟုတ်ဘူး''

''မိညို ဘယ်သူအရင်စစ လူကြီးဆံပင်ကိုဆွဲဆောင့်ရဲတာနဲ့ကို နင်ကအတော်ရိုင်းတဲ့သူဖြစ်နေပြီ''

''ညို့ကိုလာမစရင် ညိုကလုပ်ပါ့မလား သူအရင်စလို့
ညိုကလုပ်ရတာပေါ့''

''ငါ့ကိုပြန်မပြောနဲ့ ဘယ်သူအရင်စတယ်ဆိုတာအရေးမကြီးဘူး  လူကြီးကိုတောင်းပန်လိုက်စမ်း''

''ညို့အမှားမှမဟုတ်တာ ဘာလို့တောင်းပန်ရမှာလည်း ညို့သူ့ကိုလုပ်တဲ့အကြောင်းအရင်းကိုသိနေလို့ အဖေကတောင်းပန်ခိုင်းနေတာလား''

''ညို နင်ဘာလို့ဒီလောက်ရိုင်းဆိုင်းနေရတာလဲ ဟိုကောင်ကနင့်ကိုအလိုလိုက်လွန်းထားလို့ဖြစ်တာ တော်သေးတာပေါ့ သူသေသွားလို့ မဟုတ်ရင်ငါ့သမီးကတော့ ပိုပျက်ဆီးတဲ့သူဖြစ်သွားမှာ''

''အဖေ...''

ညို့၏အော်သံသည် တိုက်ခန်းတစ်ခုလုံးဟိန်းထွက်သွားရပြန်သည်။ထိုအမျိုးသမီးရော အဖေရောဒီပုတ်ထဲက ဒီပဲပင်။ညိုတစ်ခုခုမကောင်းတာလုပ်လျှင် ကို့၏အပြစ်သာအလုံးစုံဖြစ်ရပြန်သည်။ညိုဆိုးသွမ်းလာရခြင်းသည် သူအလိုလိုက်ထားလွန်း၍ မဟုတ်  သူမရှိတော့၍သာဖြစ်သည်။

ညို့ခြေထောက်နားတွင်လာကပ်နေသော မြောင်နှင့် အဝေးတစ်နေရာတွင်လွင့်ကျနေသော ကတ္တူပုံးအား သယ်ကာ ညို့အိမ်ထဲညိုပြန်ဝင်လိုက်သည်။မျက်နှာချင်းဆိုင်အိမ်မှာ အမျိုးသမီးက ခါးတစ်ဘက်ထောက်ကာ စပ်စုနေသော အကြည့်ဖြင့် ညို့အား မျက်စိတစ်ဆုံးလိုက်ကြည့်နေ၍ သူ့ရှေ့တွင်ခြေဆောင့်ပြကာ တံခါးအား အုန်းခနဲ မြည်အောင် ဆောင့်ပိတ်လိုက်သည်။

ကြောင်နေတဲ့ငါနဲ့ကြောင်လေးနဲ့ငါWhere stories live. Discover now