အကျည်းတန်မတ်လဟုအမည်မတပ်လို

15 4 0
                                    

(Unicode)
ကို့ကိုပထမဆုံးစတွေ့ဘူးသည့်အချိန်မှာ ညို့ရဲ့တပည့်မလေး ကျောင်းမှာမောင်မယ်သစ်လွင်ကြိုဆိုပွဲရှိသည်ဟုဆိုကာခေါ်သွားသည့်နေ့ကဖြစ်သည်။ညို့တပည့်မလေးခေါ်ရာနောက်သို့လိုက်သွားရင်း ညို့တပည့်မလေး၏ရည်းစားဆိုသူ၏ဘေးတွင် ကိုရပ်နေခြင်းဖြစ်သည်။ထိုအချိန်က ကို့မျက်နှာတစ်ခုလုံးနီရဲနေ၍ ဖျားနေတာလားဟူ၍ပင်ထင်သွားမိသည်။ကို့နားကပ်ကာ နေမကောင်းဘူးလားလို့ မေးကြည့်တော့အနားပင်မကပ်မခံ ညိုနှင့်ဝေးရာကို တိုးရွေ့သွားတာကြောင့် ဆက်မေးမနေတော့ပဲ နေလိုက်သည်။ကိုယ်မေးတာကို မဖြေချင်သည့်သူကို အပင်ပန်းခံကာလိုက်၍မေးမနေချင်။သို့သော်လည်း ထိုအချိန်က ကို့ပုံစံက ချွေးစေးများထွက်ကာ လက်များတုန်နေတာကြောင့် မသောက်ရသေး၍ ထိုကဲ့သို့ဖြစ်နေသည်ဟုထင်မိလိုက်သည်။ထို့ကြောင့် ပိုက်ဆံအိတ်ထဲမှတစ်ရှူးထုပ်အားလှမ်းပေးကာ

''ရှင်မသောက်ရသေးလို့တုန်နေတာလား''

''အာ...မဟုတ်တာ...ကျွန်တော်မသောက်တတ်...''

''ရပါတယ် ကျွန်မနားလည်ပါတယ် ကျွန်မလဲကော်ဖီစွဲလမ်းနေတဲ့သူမလို့ဒီလိုတစ်ခုခုကိုစွဲလမ်းပြီးလက်တုန်ရင်တုန်ချွေးထွက်တာတွေဖြစ်ဘူးတဲ့သူပါ အားမနာပါနဲ့''

ညိုပေးလိုက်သည့် တစ်ရှူးထုတ်အားမသုံးပဲ ကို့ဘောင်းဘီးအိတ်ကပ်ထဲထည့်လိုက်၏။ကို့၏အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါနှင့်သုတ်၏။အစကတည်းကပါရင်ကိုယ့်ဟာနဲ့ကိုယ်သုတ်ပါလားဟူ၍ ပြောလိုက်ချင်သော်လည်း မျက်နှာစိမ်းသူစိမ်းဖြစ်နေတာကြောင့် သည်းခံသာနေလိုက်သည်။စိတ်ထဲတွင်တော့ ဘယ်လိုကြောင်တောင်တောင်နိုင်တဲ့သူလဲဟုတွေးနေမိသည်။

ကိုနောက်တော့ပြန်ပြောပြမှသိခဲ့ရသည်။ညို့အားအရင်ကတည်းက မြင်မြင်ချင်းသဘောကျခဲ့ရကြောင်းနှင့် ထိုနေ့ကညို့အလှကြောင့် ရင်တွေခုန်နေခြင်းဖြစ်ကြောင်း။ထိုစကားများကြားပြီးနောက်တွင်တော့ ညိုဟာကို့ကိုမရယ်ပဲမနေနိုင်ဖြစ်ခဲ့ရသည်။စတွေ့ကတည်းက အလွဲလွဲအချော်ချော်နှင့်ကိုပင်။

သို့သော်လည်း ထိုနေ့ကတည်းက ညိုလည်းကို့ကိုမြင်မြင်ချင်း သဘောကျခဲ့ရသူပင်။ပြတ်သွားသည့်ရည်းစားကိုပင် မေ့ပျောက်သွားလောက်အောင်အထိ ကို့သည်ညို့အားဆွဲဆောင်နေခဲ့သည်။ထို့ကြောင့်လည်း ကိုထိုနေ့ကချစ်ခွင့်ပန်သည်ကိုချက်ချင်းလက်ခံပေးခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ကြောင်နေတဲ့ငါနဲ့ကြောင်လေးနဲ့ငါTempat cerita menjadi hidup. Temukan sekarang