အပိုင်း ၁၄ ဇာတ်သိမ်း

3.2K 108 0
                                    

🍒ဦးကိုချစ်တဲ့ကောင်လေး 🍒
     🍒part 14 ( final) 🍒
________________________

အပြုံးတစ်ယောက် နာကျင်သော ခေါင်းကြောင့် မငျက်ခုံးတွန့်မိသွားပြီး သတိရလာခဲ့၏ ။
အပြုံး ကြည့်မိသောအခါ သူမသိသောနေရာတစ်ခု ကိုရောက်နေခြင်း ဖြစ်သည် ။
အပြုံးမှတ်မိတာက ဦးက မေမေနဲ့အပြုံးကို အိမ်တစ်ခုတွင်နေဖို့ရန် ခေါ်သွားသည။
ဦးထွက်သွားပြီးတစ်အောင့်အကြာ မှာ ​အိမ်ထဲကိုဝင်ပြီး အပြုံးနှာခေါင်းကို လာအုပ်ကတည်းက မေ့သွားသည် ။

" မေမေ ဘယ်သူရှိလဲ "

" ​ကောင်လေး "
အမှောင်ခန်းထဲမှ ထွက်လာသည့်အသံကြောင့် လန့်သွားသည်မှာအမှန်ဖြစ်ပေမယ့် ထိုအသံက အပြုံးမကြားဖူးသောလူတစ်ယောက်၏အသံ ။
တစ်နည်းဆိုရသော် အပြုံးကိုမေ့ဆေးအုပ်ခဲ့သည့်လူ။

" ရှေ့ထွက်ခဲ့ မမြင်ရတဲ့ အမှောင်ထဲမှာပြောမနေနဲ့ "

" ဟားဟား စွာလှချည်လား အဲ့ဒါကြောင့် မရန်ဇော်ရိန်ဆိုင်း ရဲ့အသည်းအသက်ကလေးဖြစ်နေတာကို "

အပြုံးသိပါသည် ။ ဦးရဲ့အမည်အရင်းက မရန်ဇော်ရိန်ဆိုင်း ဆိုသည်ကို ။
မေမေ ဟုတ်တယ် မေမေ ။

" ကျွန်တော့်မေမေရော "

" မင်းအမေကတော့ ဟင်းဟင်း "

ထိုလူ၏ မပြီးသောစကားကြောင့်အပြုံးမေမေ့ကိုပိုပြီးစိတ်ပူနေမိပါသည် ။
ကျေးဇူးပြုပြီးမေမေ ဘာမှမဖြစ်ပါစေနဲ့ ။

" ဟေ့လူ သတ္တိရှိရင် ထွက်လာဗျ "

အပြုံးရဲ့စကားဆုံးသောအခါ ခြေသံကိုအရင်ကြားရ၏ ။ ထို့နောက် လူတစ်ယောက် ။
ထိုလူကို မြင်ဖူးသည် ။ ဦးသျှားထက်စံ ၏ အနီးနားကလူ။
ဒါဆို ဦးသျှားက အပြုံးတို့ကိုဖမ်းထားသည်လား ။

" ခင်များက ဦးသျှားရဲ့ လူမဟုတ်လား "

Alex ၏ ဂွင်ထဲရောက်လာပြီ ။ ဒီကောင်လေး ကို သျှားထက်စံ ဖမ်းထားသည်ဟု ဇော်ရိန်ဆိုင် းသိသွားရင် ပွဲ ကပိုပြီး ကြည့်ကောင်းနေမိမှာအမှန်ပဲ ။

သို့သော် Alex မသိသေးသည်ကအများကြီးရှိသေးသည် ။

ဇော်ရိန်ဆိုင်း သည် သျှားထက်စံ ပို့ထားသည့်လိပ်စာအတိုင်း ရောက်ရှိခဲ့သည် ။
ထိုနေရာက မနန်းဧကရီဖူးတို့၏ အိမ် ။ ဘာလို့ ဒီအိမ်ကိုလဲ ။

ဦးကိုချစ်တဲ့ကောင်လေးWhere stories live. Discover now