MSH 2|U+Z

3.4K 189 3
                                    

"လူနာ ဧသာန်ဒရင်းရဲ့ အခြေအနေထူးလား ဆရာမ”

ဆရာဝန်ကျ ဆရာမလေးကို မွန်းမေးလိုက်ခြင်းသာ။အခြေအနေကတော့ သိပ်ထူးမည်မထင်။ညကတည်းက သတိလစ်နေတာလေ။ထူးခြားဟန် မပြုတဲ့ ကုတင်ပေါ်မှာ အိပ်စေက်နေသူကို တစ်ချက်ကြည့်လိုက်မိသေးသည်။

"မထူးပါဘူး ဒေါက်တာ။ညကသတိရပေမယ့် လက်ကျိုးထားတဲ့ အရှိန်ကြောင့် ပြန်အိပ်ပျော်သွားပါတယ်”

"လက်ကိုခွဲစိတ်ဖို့ နေ့လည်ဆယ့်နှစ်နှာရီ‌လောက် ဒေါက်တာ ဟိန်းနေယျာသော်လာလိမ့်မယ် ။မနေ့က အကူအညီတောင်းထားပြီးသားမို့ ကျွန်တော့် လူနာကို အပ်ခဲ့တယ်လို့ပြောပေးပါ"

"ဟုတ်ကဲ့ ဒေါက်တာ"

မွန်း သူနာပြုလေးကို မှာရင်း လူနာ၏ တိုးတက်မှုနှုန်းကို တစ်ချက်ကြည့်ကာ ဂျူတီအထွက် လက်မှတ်ထိုးလိုက်သည်။ဟူး အခုမှ ရင်ထဲမှာ ပေါ့ပါးသွားသလိုပဲ။

လက်မှတ်ထိုးပြီးတာနဲ့ ပန်ဒါလိုမည်းနက်နေသော မျက်လုံးဖြင့် ဆေးရုံရှေ့သို့ထွက်လာခဲ့သည်။ဆေးရုံကန်တင်းမှာ အဆာပြေစားဖို့သွားတန်းစီရဦးမည်မဟုတ်ပါလား။

ကန်တင်းက ချောကလက်ပူပူလေးကို သောက်လိုက်ရရင် သိပ်ကို လန်းဆန်းသွားမှာပဲ။

>>>။

ခေါင်းထဲကထိုးကိုက်မှု၊လက်ကောက်ဝတ်က နာကျင်မှု၊နံရိုးကြားက ထိုးအောင့်မှုတို့ကြောင့် ဧသာန် သတိရလာသည်။သတိတရမျက်လုံးဖွင့်ကြည့်မိတော့ လက်ထဲက ပိုက်တွေတန်းလန်းအပြင် ညာဘက် နံရိုးကြားမှာ ပိုက်တစ်ခု သွယ်ထားသေး၏။

"အား"

အသက်ရှုပိုက်ကိုအတင်းဖယ်ကာ ခန္ဓာကိုယ်ကိုမတ်လိုက်ရာ သေလောက်သော နာကျင်မှုတစ်ခုက တိုးဝင်လာသည်။သေချာတာတစ်ခုက ဧသာန်ဒရင်းက အသက်ပြင်းလို့ သေမင်းက ခေါ်မသွားသေးတာ ထင်တယ်။

"လူနာအခုချိန်မှာ လှုပ်လို့မရသေးပါဘူး။အသက်ရှုစက်နဲ့ပဲနေရမှာပါ။"

"ငါ-အသက်ရှုလို့ရတယ်"

ဧသာန်ဒရင်းက ဒီလို ဆေးပိုက်တန်းလန်းနဲ့ ပုစံမျိုးကို တစ်ခါမှတောင် အိပ်မက် မမက်ဖူးသေး။ဒါကြောင့် အသက်ရှူသံတွေပင် မြန်လာရသည်။သေသွားရင်လည်း အကောင်းသားကို။

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now