MSH 14|U+Z

1.7K 86 2
                                    

တရိပ်ရိပ်ပြေးလွှားနေသော ကလေးများကို ထိုင်ကြည့်နေရင်း အရိပ်တစ်ခုက မွန်းအပေါ်ကိုငုံ့မိုးကျလာသည်။
ဆံနွယ်ရှည်များနှင့်အမျိုးသမီးအရိပ်တစ်ရိပ်။

"ဒေါက်တာမွန်းဧကရာဇ်မောင်"

မိမိနာမည်ကို တိုက်ရိုက်ခေါ်လာတာကြောင့် လှည့်ကြည့်လိုက်သည်။ကျောက်စိမ်းရောင်ပိုးချိတ်နှင့် ယဉ်နေသော မိန်းကလေးတစ်ဦး။

"ဘယ်သူလဲမသိဘူးဗျ။"

"ဟား ဒေါက်တာကလည်း မေ့တတ်လိုက်တာရှင် ကျွန်မက အနီရောင်နှင်းဆီလေ။ဧသာန်ဒရင်း သူငယ်ချင်း"

မွန်းမျက်လုံးပင်ပြူးသွားသည်။မအနီရောင်နှင်းဆီကို ဘာအကြောင်းကြောင့်မေ့သွားပါသနည်း။

"မအနီရောင်နှင်းဆီက ကိုဧသာန်ဒရင်းနဲ့ဂျပန်ကို အတူလိုက်မသွားဘူးလား"

မွန်းထိုင်နေသော မြက်ခင်းစိမ်းပေါ်သို့ လာထိုင်သော မအနီရောင်နှင်းဆီကိုမေးလိုက်သည်။

"ကျွန်မအလုပ်ထွက်လိုက်ပြီ။ရှင်းရှင်းပြောရရင် ဒရင်းရဲ့စီးပွားရေးလုပ်ငန်းတွေအကုန် ဖျက်သိမ်းခံလိုက်ရတာ။"

"မင်္ဂလာကိစ္စကြောင့်လား"

"အင်းဒရင်းက အနားယူတော့မှာ။ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေကိုသူမမက်မောဘူး။သူမက်မောတာက လွတ်လပ်စွာချစ်ခွင့် တစ်ခုတည်းကိုပဲ..။"

"ဘာလို့လက်ခံလိုက်တာလဲ"

မွန်းလျော့တိလျော့ရဲမေးလိုက်သည်။ဝေခွဲမရခြင်းများစွာက မျက်ဝန်းထက်တွင်ထင်ပေါ်နေသည်။

"သူ့အဖေကိုမလွန်ဆန်နိုင်လို့။ပြီးတော့ ဒရင်းကအမှောင်ကြောက်တယ်။သူ့အဖေက အမှောင်ခန်းထဲမှာ ထည့်ထားမှာကိုကြောက်နေတာ။အရင်လိုအဖြစ်အပျက်တွေ ပြန်မဖြစ်ချင်တာလည်းပါတယ်။
သူလက်ထပ်ဖို့ငြင်းဆန်ခဲ့ပေမယ့် သူ့အဖေကြောင့် အရာအားလုံးက အချည်းနှီးဖြစ်သွားတယ်"

မွန်း ခေါင်းငိုက်စိုက်ကျသွားသည်။ဂနာမငြိမ်စွာ လက်နှစ်ဖက်ကို ပွတ်တိုက်ဆွဲနေမိသည်။

"ဧသာန်ဒရင်းရဲ့ ဂျပန်က လိပ်စာ ကျွန်တော့်ကိုပေးပါလား"

"မင်းဆုံးဖြတ်ချက်ချလိုက်ပြီနဲ တူတယ်။အရင်ဆုံး မိုးဒေဝါနဲ့တွေ့ကြည့်ဦး။သူကဒေစီလေ။လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ဧသာန်ဒရင်းကို ပန်းခြံက ရေကန်ထဲကို တွန်းချခဲ့တဲ့အမျိုးသမီး။"

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now