MSH 5|U+Z

2.4K 129 3
                                    

"အနီရောင်၊အနီရောင်နှင်းဆီ"

လက်တော့စခရင်ကို မျက်နှာမခွာပဲ ငိုက်နေသော အနီရောင်ကို ဒရင်းလှမ်းခေါ်လိုက်သည်။ဒါတောင်မကြားသေး။အတွင်းရေးမှူး ဆိုတဲ့ ဂုဏ်သိက္ခာကိုတော့ ထိန်းရမည်မဟုတ်လား ။

"ဘုန်း"

"အနီရောင်နှင်းဆီ"

"အမလေး ဘုရားဘုရား"

တစ်ခါခေါ်မကြား နှစ်ခါခေါ်မထူး။ခေါ်မရလို့သူ့ရှေ့က ခုံကိုရိုက်လိုက်မှ ထယောင်သော အနီရောင်နှင်းဆီ။

"လွန်လာပြီ အနီရောင်နှင်းဆီ။အလုပ်ချိန်မှာအလုပ်လုပ်။အခုချိန်က အိပ်ငိုက်ရမယ့်အချိန်မဟုတ်ဘူး။အခုချက်ချင်းထုချေလွှာရေးတင်"

"ဆောရီးပါ ဒရင်းရာ။ငါညကအိပ်ရေးပျက်သွားလို့"

"အခုချက်ချင်း ငါ့ရုံးခန်းထဲ လာခဲ့"

"အာ၊ဟုတ်ကဲ့"

ခြေလှမ်းကျဲကျဲများဖြင့် ရုံးခန်းထဲသို့ဝင်သွားသော ဒရင်းကျောပြင်ကိုကြည့်ကာ အနီရောင် သက်ပြင်း ဖွဖွချမိသည်။ဒီတစ်ခါတော့ ကိုယ့်အလွန်ဖြစ်သည်။

အလုပ်ချိန် အလုပ်မလုပ်ပဲ အိပ်ငိုက်နေမှဖြင့် မည်သူက စိတ်မဆိုးပဲနေပါမည်နည်း။အနီရောင် ထဘီကို တစ်ချက်ပြင်ကာ ခါးတိုအင်္ကျီကိုဆွဲချလိုက်သည်။မကျဲသောခြေလှမ်းတို့ဖြင့် ဒရင်းရုံးခန်းထဲ့သို့ဝင်ခဲ့သည်။

"ရောက်ပါပြီ"

"ဘုတ်"

ဒရင်း စာချုပ်ဖိုင်တွဲတစ်ခုကို အနီရောင် ရှေ့သို့ ပစ်ချလိုက်ရင်းမေးငေါ့ကာ ရှေ့က ဆိုဖာတွင်ဝင်ထိုင်ရန်အချက်ပြလိုက်သည်။

"ငါမရှိတုန်း ပျက်သွားတဲ့ ဆေးရုံစီမံကိန်း။ငါ့ကို ခလောက်ဆန်လိုက်တဲ့ ကုမ္ပဏီအကြောင်းသိချင်တယ်"

"ကုမ္ပဏီ နာမည်က 'ဒေဝါ'ပါ။မိန်းကလေးဦးစီးထားတယ်ဆိုပြီးသိရတယ်"

အနီရောင် စိတ်ရှည်လက်ရှည် ဒရင်းကိုရှင်းပြလိုက်သည်။မဟုတ်ရင် ကိုယ် အဗျင်းခံရမှာလေ။

"သူ့ရဲ့ အချက်အလက်တွေအကုန်လုံးရော ဒေဝါ အကြောင်းတွေရော ငါ့မေးလ်ထဲကို့ ပို့ပေးထား။ပြီးတော့ အခုကိစ္စ မှာ ဒယ်ဒီ့ စနက်ရော ကင်းရဲ့လား။ငါအက်ဆီးဒန့်ဖြစ်ဆို ငါ့ကုမ္ပဏီလည်း ငါးပါးမဟုတ်ဘူး။ဆယ်ပါးတွေပါ မှောက်နေပြီ"

𝐌𝐲 𝐒𝐮𝐠𝐚𝐫 𝐇𝐨𝐧𝐞𝐲 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝Where stories live. Discover now