" jin "" Jeon... "
Jinကိုယ်ကိုjeonသူ့ရင်ခွင်ထဲမြုပ်တဲ့ထိထွေးပွေ့ထားလိုက်သည်။အခြေအနေတွေကဆိုးနေလည်း..မိုက်မဲစွာသာjinကိုခေါ်ပီးထွက်သွားလိုက်ချင်တော့သည်။သူjinကိုချစ်တယ်.သူjinနဲ့ပဲပျော်ရွှင်စွာနေသွားချင်သည်။အိမ်ရှေ့စံတစ်ယောက်ဖြစ်နေတဲ့သူ့အတွက်တိုင်းပြည်ရှေ့ရေးအားလည်းငဲ့ရသေးသည်။သာမန်ဘဝလေးမှာသာနေထိုင်လိုက်ချင်မိတယ်။
" jeonအဆင်ပြေရဲ့လား.. "
" jinနားမှာနေနေတဲ့အချိန်တွေကအဆင်ပြေပါတယ် "
" ဒါဆိုရင်jinကjeonအဆင်ပြေအောင်jeonနားမှာပဲအချိန်တိုင်းရှိနေပေးချင်တော့တယ် "
" ကိုယ်လည်းရှိစေချင်တယ်အချစ်ရယ် "
" Jeon..ကျနော်နဲ့အိမ်ရှေ့စံရာထူးဆိုရင်ဘာကိုရွေးမှာလဲ "
" ဘလိုမေးခွန်းမျိုးလည်း.jin "
" jeon.မဖြေနိုင်ဘူး. "
" မဟုတ်ဘူး.jin.ကိုယ်jinကိုချစ်တယ်.
တိုင်းပြည်ရှေ့ရေးကိုလည်းကိုယ်စဥ်းစားပေးရအုံးမယ် "" jeon.ကျနော့်ကိုစွန့်လွှတ်နိုင်တယ်မလား. "
" ကျေးဇူးပြုပီးဒီလိုတွေမပြောပါနဲ့jin..
ကိုယ်ကjinကိုသိပ်ချစ်တာ... "" jinကိုပိုင်ဆိုင်ဖို့ကြိုးစားရဲတဲ့သတ္တိတော့မရှိဘူးထင်ပါရဲ့ "
" jinကိုယ့်အပေါ်နားမလည်ဘူးကွာ.. "
" ဟုတ်တယ်.နားမလည်ဘူး.
Jin.jeonကိုချစ်တယ်.jeonနဲ့မခွဲနိုင်ဘူး.jeonနဲ့ပဲဘဝအေးအေးချမ်းချမ်းလေးဖြတ်သန်းချင်တာ.
Jeonကတော့အာဏာတွေမက်မောနေတယ်. "Jinစကားတွေကြားပီးကျနော်ယုံတောင်မယုံကြည်နိုင်တော့.ကိုယ့်ကိုဘလိုတောင်တွေးပစ်လိုက်တာလဲ.
အာဏာမက်တဲ့သူတဲ့.မင်းအတွေးတွေကိုကိုယ်စိတ်ပျက်မိတယ်jinရယ်" jin..မင်းတကယ်ကိုယ့်အပေါ်ပြောရက်နိုင်လွန်းတယ် "
Jeonကသူ့ကိုစိတ်ပျက်သလိုကြည့်ကာထွက်သွားသည်။မျက်ရည်တွေဝေ့ဝဲလာရင်းသူငိုမိသည်။