*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်

8.1K 1.5K 41
                                    

ထိုညမှာတော့ ကျန်းမုနဲ့ ယင်ထောင်တို့ နှစ်ယောက်စလုံးက ရုန်ယိနဲ့ အတူအိပ်မယ်လို့သာ မရမကပြောနေကြပြီး ရုန်ယိအိပ်ရာပေါ်မှာဘဲ လှဲနေကြကာ လုံးဝမထွက်သွားကြပေ။ ဒါကြောင့် ယင်ကျင်းရဲ့မှာ သူတို့အိပ်ပျော်သွားတော့မှသာ ရုန်စုနဲ့ ရုန်ဟွမ်ကို သူတို့ကို ချီပြီး ခေါ်ထုတ်သွားခိုင်းလိုက်ရ၏။

ရုန်ယိက ပြုံးစိစိနဲ့ ယင်ကျင်းရဲ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။
"ကလေးတွေအဖေ.. ခင်ဗျားမှာ ကျွန်တော့်ကို ပေးစရာလက်ဆောင်မရှိဘူးလား"

ယင်ကျင်းရဲ့က အဝတ်အိတ်အနီလေးတစ်လုံးထုတ်ကာ သူ့ရှေ့မှာ ယမ်းပြလာသည်။ ဒါက ရုန်ယိ လူတိုင်းအတွက် ပြင်ပေးဖို့ ဝမ်ချွမ်ကို ပြောထားတဲ့ အိတ်ဖြစ်လေသည်။

ရုန်ယိက ယူလိုက်ပြီး
"ဒါ လူတိုင်းအတွက် ကျွန်တော်ပြင်ပေးထားတဲ့ အိတ်နီမဟုတ်လား"

ယင်ကျင်းရဲ့က ထိုအိတ်ထဲက 'ကျွန်တော် ခင်ဗျားကို အကြွေးတင်နေတယ်' ဆိုပြီး ရေးထားတဲ့ စာရွက်တစ်ရွက်ထုတ်ယူလိုက်ကာ
"ဒါ ဘာအဓိပ္ပါယ်လဲ.. ဒါက မင်းရဲ့ လက်ဆောင်ဆိုတာ သေချာရဲ့လား"

နှစ်ရာချီ နေထိုင်လာခဲ့ပြီးပေမယ့် စာအိတ်နီကို အကြွေးထားလို့ရတာကိုတော့ သူပထမဆုံးအကြိမ် ကြားဖူးခြင်းဘဲ ဖြစ်၏။

ရုန်ယိမှာ အော်ရယ်လိုက်မိပြီး
"ကျွန်တော်က မွမ်းမံခြင်းအင်းကွက်တွေ ဒါမှမဟုတ် ခင်ဗျားအတွက် ပိုပြီးတန်ဖိုးရှိတဲ့ မှော်လက်နက်နဲ့ မှော်ကိရိယာတွေ အစုံလိုက် လုပ်ပေးချင်ခဲ့တာ..ဒါပေမဲ့ အခုလက်ရှိ ကျွန်တော့်ရဲ့ နိမ့်နေသေးတဲ့ ကျင့်ကြံဆင့်အရဆိုရင်တော့ အဲ့လောက်အဆင့်မြင့်တဲ့ မွမ်းမံခြင်းအင်းကွက်တွေနဲ့ မှော်လက်နက်တွေကို မသန့်စင်နိုင်သေးဘူးလေ.. ဒါ့အပြင် ခင်ဗျားက လေလွင်မသေမျိုးအဆင့်ဖြစ်နေပြီ.. ကျွန်တော်က မဟာယာနအဆင့်ကို ရောက်နေရင်တောင်မှဘဲ ခင်ဗျားနဲ့ သင့်တော်မယ့်ဟာကို လုပ်ပေးနိုင်ဦးမှာမဟုတ်ဘူး.. ဒါကြောင့် အခုလောလောဆယ်တော့ ခင်ဗျားအပေါ် ကျွန်တော် အကြွေးဘဲ ထားထားလိုက်ရတာပေါ့.. ကျွန်တော် ခင်ဗျားကို အမှီလိုက်နိုင်တာနဲ့ ခင်ဗျားအတွက် သင့်တော်မယ့်ဟာတွေ လုပ်ပေးမယ်လေ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now