*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား

8.6K 1.5K 38
                                    

"ဟုတ်ပါတယ်.. ဒါက ယင်ယန်မှုန့်လို့ ခေါ်ပြီး အနံ့ရော အရသာရောမရှိပါဘူး.. သာမန်လူတွေဆိုရင် ဒါရှိနေမှန်းတောင် လုံးဝသတိပြုမိမှာမဟုတ်ဘူး.. ဒါက ပေပနယ်မြေက တစ္ဆေကျင့်ကြံသူ ဆေးလုံးဆရာတစ်ယောက် ဖော်စပ်ထားတာပါ"
ယင်ယန်က အထင်အမြင်သေးစွာနဲ့ ပြောလာ၏။
"အဲ့အဘိုးကြီးတွေက တစ္ဆေကျင့်ကြံသူတွေ ၊ မိစ္ဆာကျင့်ကြံသူတွေ ဒါမှမဟုတ် သားရဲကျင့်ကြံသူတွေနဲ့ အဆက်အသွယ်ရှိနေတာကို ရှက်စရာလို့ ထင်နေကြတာမဟုတ်ဘူးလား.. ဘာလို့များ သခင်လေးကို အဆိပ်ခတ်ဖို့အတွက် တစ္ဆေကျင့်ကြံသူ ဆေးလုံးဆရာတစ်ယောက်ဆီက အဆိပ်ကို သုံးရတာလဲ.. တော်တော် အဓိပ္ပာယ်မရှိတာဘဲ!"

ယင်ကျင်းရဲ့က မျက်လုံးတွေ မှေးစင်းလိုက်ကာ
"မင်းမှာ အဲ့လိုမျိုး ပုံစံတူ အဆိပ်ရှိလား"

ယင်ယန်က ပြုံးလိုက်ပြီး
"ရှိပါတယ်.. ကျွန်တော့်ဟာက မဟာယာနအဆင့်က ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ အဓိကသုံးတာ"

ယင်ကျင်းရဲ့က လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

ယင်ယန်က သူ့ကို ပုလင်းလေးတစ်လုံးကို ကမ်းပေးလိုက်၏။

ယင်ကျင်းရဲ့က ထိုင်ချရင်း ပြောလိုက်သည်။
"လေ့စိုင့်ကို ဒီကိုခေါ်လိုက်"

"ဟုတ်ကဲ့"
ယင်ယန်က ခြံဝန်းထဲကနေ လျှောက်ထွက်သွားပြီး လေ့စိုင့်ကိုသွားခေါ်ဖို့ အစေခံတစ်ယောက်ကို ပြောလိုက်သည်။

ရုန်ယိက သူစိုးရိမ်နေတာကို ထုတ်ပြောလိုက်သည်။
"အဲ့အဘိုးကြီးတွေက လေ့စိုင့်ရဲ့မိသားစုကို သုံးပြီး သူ့ကို ခြိမ်းခြောက်နိုင်မှတော့ ကျွန်တော်တို့အိမ်တော်ထဲက ဘယ်သူ့ကိုမဆို သူတို့ရဲ့မိသားစုတွေကို သုံးပြီး ခြိမ်းခြောက်လာနိုင်တာဘဲလေ"

ယင်ကျင်းရဲ့က
"အခုလက်ရှိ ရုန်အိမ်တော်ထဲက လူတိုင်းက ကိုယ့်အမေ လက်အောက်ကသူတွေချည်းဘဲ.. သူတို့တွေအကုန်လုံးက မိဘမဲ့တွေ.. ကိုယ့်အမေက သူတို့ကို ကာကွယ်ပြီး ခိုလှုံခွင့်ပေးခဲ့တာ.. အဲ့အဘိုးကြီးတွေရဲ့ ခြိမ်းခြောက်မှုက သူတို့အပေါ်မှာ အလုပ်မဖြစ်ဘူး.. ဒါပေမဲ့ လေ့စိုင့်ကတော့ မတူဘူး.. သူ့မိသားစုက. ကိုယ်တို့မိသားစုကို မျိုးရိုးစဥ်ဆက်အမှုထမ်းခဲ့တာ..ဒါကြောင့် သူတို့တွေက ယင်မိသားစုက ဘယ်အမိန့်ကိုမဆို နာခံရတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now