*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ

8.7K 1.6K 67
                                    

ရုန်ယိခန္ဓာကိုယ်ရဲ့ မျက်ဝန်းတွေမှာ သူဘယ်ကို သွားလို့သွားနေမှန်း မသိနေသလိုမျိုး ငေးကြောင်နေကာ ရှေ့တည့်တည့်ကိုသာ အရုပ်တစ်ရုပ်လို ကြည့်နေလေသည်။

ယင်ကျင်းရဲ့ သူ့မျက်လုံးရှေ့မှာ လက်တွေ ယမ်းကြည့်လိုက်သည်။

ထိုအခါ ရုန်ယိခန္ဓာကိုယ်က မျက်တောင်ခတ်လာ၏။

ယင်ကျင်းရဲ့က သူ့ကို ခေါ်ကာ သူတို့အိပ်ခန်းအပေါ်တည့်တည့်က ခေါင်မိုးပေါ်ကို တက်သွားလိုက်သည်။

ရုန်ယိခန္ဓာကိုယ်က ရုန်ယိနဲ့ ပြန်နီးကပ်သွားတာကြောင့် ချက်ချင်းဘဲ အရင်လို သွက်လက်တက်ကြွနေတဲ့ပုံစံ ပြန်ဖြစ်သွားတော့သည်။ ထို့နောက် သူအစောက 'ကလေးတွေအဖေ' လို့ရေးထားတဲ့ စာရွက်ကို ယူကာ ယင်ကျင်းရဲ့ကို ပြလိုက်၏။

ယင်ကျင်းရဲ့က စာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မနက်ဖြန်မနက်ကျရင်... ကိုယ်နဲ့ ရုန်အိမ်တော်ကို ပြန်လိုက်ခဲ့"

ရုန်ယိခန္ဓာကိုယ်က အမြန်စာရေးပြလာသည်။
'ကလေးတွေကိုရော ကျွန်တော့်ကို 'ဖေဖေ' လို့ ခေါ်ခိုင်းမှာလား'

စာကို ခဏလောက် စိုက်ကြည့်နေပြီးနောက် အရင်ဆုံး ကလေးတွေကို ရုန်ယိခန္ဓာကိုယ်ရဲ့တည်ရှိနေမှုနဲ့ ရင်းနှီးကျွမ်းဝင်နေအောင် လုပ်ထားသင့်တယ်လို့ ဆုံးဖြတ်ကာ သူ သဘောတူလိုက်၏။
"ကောင်းပြီ"

ရုန်ယိခန္ဓာကိုယ်က ချက်ချင်းပြန်ရေးပြလာသည်။
'အခုချက်ချင်း ပြန်ကြရအောင်'

ယင်ကျင်းရဲ့က အခန်းထဲကို ငုံ့ကြည့်လိုက်ပြီး
"ရုန်ယိ အိပ်နေတုန်း"

ရုန်ယိခန္ဓာကိုယ်က ပျော်ရွှင်နေတဲ့ အပြုံးလေးနဲ့ စာရေးပြလာ၏။
'ဒီလောက်ညနက်နေတဲ့အချိန်ကြီးမှာ ခင်ဗျား ကျွန်တော့်ကို မနှိုးချင်ဘူးပေါ့ ဟုတ်လား.."

ယင်ကျင်းရဲ့ကလည်း မငြင်းဆိုပေ။

ရုန်ယိခန္ဓာကိုယ်က ယင်ကျင်းရဲ့ကို ပုခုံးလှမ်းဖက်လိုက်ကာ ဆေးလိပ်တစ်လိပ်ကမ်းပေးလိုက်သည်။

ယင်ကျင်းရဲ့က မျက်ခုံးတွေပင့်လိုက်ပြီး
"ဒါက ဘာလဲ"

ရုန်ယိခန္ဓာကိုယ်က နောက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်ပြီး တစ်ချက်ရှိုက်လိုက်ကာ အငွေ့တွေကို ယင်ကျင်းရဲ့မျက်နှာထက်ကို ဖွဖွလေးမှုတ်ထုတ်လိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now