*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ

8.5K 1.6K 104
                                    

ညဘက်ရောက်လို့ ကလေးတွေ အိပ်ရာဝင်သွားတဲ့အခါမှသာ ရုန်ယိမှာ သူ့ခန္ဓာကိုယ်နဲ့ နှစ်ယောက်တည်းစကားပြောဖို့ အခွင့်အရေးရတော့သည်။ တစ်ခြားသူတွေ ကြားမှာစိုးတာကြောင့် သူတို့မှာ စာရေးပြီးသာ ပြောဆိုကြလေသည်။

ရုန်ယိက သူ့ခန္ဓာကိုယ် ဒီနေ့ခင်းကတင် 'တစ်နှစ်အတွင်း ကျွန်တော် စွမ်းအားညီညွတ်မှုအဆင့်ရောက်တာကို စောင့်... အဲ့ကျရင် ခင်ဗျားတို့အတွက် လုပ်ပေးမယ်' လို့ ရေးထားတဲ့ စာရွက်ကို ယူကာ သူ့ခန္ဓာကိုယ်ကို မေးလိုက်၏။
'မင်း ကျင့်ကြံနှုန်းက ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ'

ရုန်ယိခန္ဓာကိုယ်က နှုတ်ခမ်းတွေကွေးညွှတ်လိုက်ပြီး စာရွက်ပေါ်မှာ ပြန်ရေးပြလာသည်။
'ငါတို့ခန္ဓာကိုယ်က လွန်ခဲ့တဲ့နှစ်ခြောက်ရာကတည်းက ဒီကို ကူးပြောင်းလာခဲ့တာလေ'

ရုန်ယိမှာ အံ့သြတကြီးနဲ့ သူ့ကို ကြည့်လိုက်မိသည်။

ရုန်ယိခန္ဓာကိုယ်က ဆက်ရေးပြလာ၏။
'ငါတို့ရဲ့ ခန္ဓာကိုယ်က စွမ်းအားညီညွတ်မှုဝိညာဥ်သွေးကြောပိုင်ဆိုင်တယ်... ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်ရှိမနေခဲ့ဘူးဆိုရင်တောင်မှ ငါတို့ကိုယ်က သူ့ဘာသာသူ ဝိညာဥ်စွမ်းအားတွေကို စုပ်ယူထားနိုင်တယ်.. ဒါပေမယ့် ငါတို့ကျင့်ကြံဆင့်ကတော့ မတက်ဘူးပေါ့'

ရုန်ယိမှာ နားမလည်နိုင်တာကြောင့် ပြန်မေးလိုက်သည်။
'ကိုယ်ထဲမှာ ဝိညာဥ်မရှိဘူးဆိုမှတော့ ငါတို့ကိုယ်က လွန်ခဲ့တဲ့နှစ်ခြောက်ရာတည်းက ကူးပြောင်းလာခဲ့တာကို မင်းဘယ်လိုလုပ်ပြီးသိလဲ'

'ငါ့ကိုယ်ထဲက ဝိညာဥ်စွမ်းအားပမာဏအရပေါ့.. အခုလက်ရှိကိုယ်ထဲက စွမ်းအားပမာဏကို တစ်နေ့စာ စုပ်ယူနိုင်တဲ့ပမာဏနဲ့ ပြန်တွက်ကြည့်လိုက်ရင် နှစ်ခြောက်ရာလောက်ရှိတယ်... ဒါကြောင့် ငါ့ကိုယ်ထဲက စွမ်းအားတွေကို သန့်စင်စုပ်ယူပြီး နောက်တစ်ဆင့်ကို တက်နိုင်ဖို့က ငါ့အတွက်တော့ အချိန်ဘဲလိုတယ်'

ရုန်ယိ "....."

သူ့ခန္ဓာကိုယ် ဒီလောက်အမြန်ကြီး အဆင့်တက်နိုင်တာက မထူးဆန်းတော့...။

'မင်းရဲ့ အခုလက်ရှိ ဝိညာဥ်စွမ်းအားတွေအရဆိုရင်.. ဘယ်အဆင့်အထိ ရောက်နိုင်လောက်လဲ'

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now