*154* ရှောင်ယိယိကဆိုးလိုက်တာ

8.6K 1.4K 39
                                    

ရုန်ယိခန္ဓာကိုယ် ရုန်အိမ်တော်မှာ နေတာ လဝက်ကျော်လောက်ကြာတဲ့အခါ လေ့စိုင့်က ဘယ်သူ့ကိုမှ မပြောဘဲ အိမ်တော်ကနေ တိတ်တဆိတ်ထွက်ခွာသွားတော့သည်။ ထို့နောက် တုံထန်းနယ်မြေရှိ ယင်အိမ်တော်ကနေပြီး စတုတ္ထအကြီးအကဲနဲ့ သတ္တမအကြီးအကဲတို့ အဆိပ်မိနေတယ်ဆိုတဲ့ သတင်းရောက်ရှိလာလေ၏။

သူတို့ ဖိတ်ခေါ်ထားတဲ့ အဆင့်ကိုးဆေးဆရာတောင်မှ ဘာမှမတတ်နိုင်ပေ။ ဆေးလုံးနတ်ဘုရားမလို့ သတ်မှတ်ခံထားရတဲ့ ယင်သခင်မကြီးတောင်မှဘဲ သူတို့ကိုယ်ထဲက အဆိပ်ပျံ့နှုန်းကို ထိန်းချုပ်ထားရုံသာတတ်နိုင်လေသည်။

အခုလက်ရှိမှာ စတုတ္ထအကြီးအကဲနဲ့ သတ္တမအကြီးအကဲတို့မှာ အဆိပ်ပျံ့တာ ပိုပြီးမြန်ဆန်လာမှာစိုးတာကြောင့် ဝိညာဥ်စွမ်းအားကို လုံးဝကို မသုံးရဲကြပေ။ ဒါပေမဲ့ သူတို့ ဝိညာဥ်စွမ်းအားမသုံးရုံနဲ့ အထဲက အဆိပ်က မပျံ့တော့ဘူးလို့တော့ မဆိုလိုပေ.. အကယ်၍ နှစ်ဝက်အတွင်း အဆိပ်ဖြေဆေးရှာမတွေ့ခဲ့ရင် သူတို့မှာ သေချာပေါက်ကို သေဆုံးကြရပေလိမ့်မည်။ ဒါကြောင့် ပထမဦးစားပေးက ဒီကိစ္စနောက်ကွယ်က လူကဘယ်သူလဲဆိုတာ သိအောင်ရှာပြီး ထိုလူကို ဖြေဆေးပေးဖို့ ဖိအားပေးရန်သာ ဖြစ်သည်။

"ဒါ သခင်လေးလုပ်တာဖြစ်လိမ့်မယ်"
ဆဌမအကြီးအကဲက စိတ်လေးစွာနဲ့ ပြောလာသည်။
" ဒီအတောအတွင်း ဟိုရုန်ယိဆိုတဲ့ ကောင်စုတ်လေး ကျုပ်တို့ခေါင်းတွေကို ဝယ်လိုက်ကတည်းက ကျုပ်တို့အပြင်ထွက််ဆိုတာ ရှားတယ်.. ဒါကြောင့် သူတို့ အပြင်ဘက်မှာ အဆိပ်မိလာဖို့ဆိုတာက မဖြစ်နိုင်ဘူး.. သူတို့ကိုယ်သူတို့ အဆိပ်မိနေတာသိသွားတာက ဒီအိမ်တော်ထဲမှာဘဲ.. ဒါကြောင့် အစေခံတွေလုပ်တာဘဲ ဖြစ်မှာ.. သခင်လေးက တစ်ကယ်အရည်အချင်းရှိတာဘဲ.. ကျုပ်တို့ဘေးမှာ ဒီလောက်များတဲ့လူတွေကို ပို့ထားနိုင်တယ်.. အခု သူက ကျုပ်တို့ထဲက တစ်ချို့ကို အဆိပ်ခတ်လိုက်ရုံတင်မဟုတ်ဘူး.. လေ့စိုင့်ရဲ့မိသားစုကိုပါ ခေါ်ထုတ်သွားပြီ.. နောက်ကျရင် ကျုပ်တို့ရဲ့ ကိုယ်ပိုင်အစေခံတွေကိုပါ အကုန်လုံး လဲပစ်မှရမယ်"

လေ့စိုင့်ရဲ့မိသားစု ခေါ်ထုတ်သွားခံလိုက်ရတယ်ဆိုတာက စာထဲမှာ အဆိပ်ပါတာကို ယင်ကျင်းရဲ့သိပြီးသားဆိုတဲ့ သဘောပင်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now