Prologue

13.5K 736 31
                                    

လူနာခန်းတစ်ခုရဲ့ ဆေးရုံလျှောက်လမ်းရှေ့။ ဆူညံနေတဲ့ပတ်ဝန်းကျင်က ဓားကိုင်ပြီး သွေးရူးသွေးတန်းပတ်ရမ်းနေတဲ့ ဆေးသမားတစ်ယောက်ကြောင့်ဖြစ်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


လူနာခန်းတစ်ခုရဲ့ ဆေးရုံလျှောက်လမ်းရှေ့။ ဆူညံနေတဲ့ပတ်ဝန်းကျင်က ဓားကိုင်ပြီး သွေးရူးသွေးတန်းပတ်ရမ်းနေတဲ့ ဆေးသမားတစ်ယောက်ကြောင့်ဖြစ်တယ်။

အဲ့ဒီ့ဆေးသမားရဲ့ မျက်နှာချင်းဆိုင်အခန်းထဲမှာ ဒဏ်ရာများစွာနဲ့အမျိုးသမီးတစ်ဦးဟာ လဲလျောင်းနေခဲ့တာ အသက်ရှုသံမှန်မှန်နဲ့။ မနက်ပိုင်းရောက်လာကတည်းက စစ်ဆေးမှုတွေပြုလုပ်ပြီး သတိမရသေးတာကို အခုမှတာဝန်ပြီးခဲ့တဲ့ ရှောင်းကျန့်အသိဆုံးပဲ။

ဆေးသုံးပြီး ကိုယ့်ဇနီးကိုနှိပ်ဆက်ထားတဲ့အဲ့ဒီ့လူဟာ ပတ်ဝန်းကျင်ကဆေးရုံတင်ပေးထားတဲ့ အဲ့ဒီ့အမျိုးသမီးကို ဆေးဖိုးလာတောင်းတာပါတဲ့။ ဘယ်လောက်များ စိတ်ပျက်စရာကောင်းလိုက်တဲ့အခြေနေလဲ?

" ပိုင်ရန် လုံခြုံရေးကိုခေါ်၊ ဒီလူကပုံမှန်မဟုတ်ဘူး "

" အင်း ဆက်သွယ်တာမရသေးဘူး၊ ငါသွားကြည့်လိုက်အုံးမယ် ရှောင်းကျန့်။ မင်းလည်းဂရုစိုက်အုံး "

ပိုင်ရန်က စကားကိုတရစပ်ပြောပြီး ခပ်သွက်သွက်ပြေးထွက်သွားတယ်။ သူနာပြုမလေးတွေက အဝေးမှာနေခိုင်းထားတာမို့ ငယ်ငယ်ရွယ်ရွယ် အလုပ်သင်ဆရာဝန်လေးတွေနဲ့ ရှောင်းကျန့်က အဲ့ဒီ့ဆေးသမားကို ဝိုင်းထားရတယ် ။

အခွင့်အရေးရတာနဲ့ချက်ချင်းချုပ်ပြီး ဓားကိုလုလို့ မေ့ဆေးပေးဖို့လည်း အသင့်ပြင်ထားရတယ်။ ဒါပေမယ့် သူတို့ကဆရာဝန်တွေဖြစ်ပြီး လက်နှက်ဆိုလို့ ခွဲစိတ်ခန်းဓားပဲသုံးကြတာမို့ ဒီလိုဝင်လုံးဖို့ သတ္တိအများကြီးတော့မရှိဘူးပေါ့။

ဆိုပေမယ့်လည်း မလာနိုင်သေးတဲ့လုံခြုံရေးကြောင့် သူတို့က အချိန်ထပ်ဆွဲဖို့တော့ မသင့်တော့ဘူး။ ဆေးကြောင်နေတဲ့လူမို့ ဘယ်လိုမှလျှော့ပြောဖို့လည်း အဆင်ပြေမှာမဟုတ်။

Pink Blessing [COMPLETED]Where stories live. Discover now