2

5.6K 555 20
                                    

ပိုင်ရှင်ကိုအသိမပေးဘဲ တိုက်ခန်းထဲရောက်နေတာက ပြစ်မှုမြောက်သလား? ။ နောက်ပြီးအဲ့ဒီ့ပြုလုပ်သူက ရဲအရာရှိတစ်ယောက်ဖြစ်နေတဲ့အခါ ပြစ်မှုကပိုကြီးသွားမယ်ထင်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ပိုင်ရှင်ကိုအသိမပေးဘဲ တိုက်ခန်းထဲရောက်နေတာက ပြစ်မှုမြောက်သလား? ။ နောက်ပြီးအဲ့ဒီ့ပြုလုပ်သူက ရဲအရာရှိတစ်ယောက်ဖြစ်နေတဲ့အခါ ပြစ်မှုကပိုကြီးသွားမယ်ထင်တယ်။

အချိန်က မနက်ရှစ်နာရီ။ အိပ်ယာနိုးနိုးချင်း ကိုယ့်ရဲ့အခန်းထဲလူတစ်ယောက်ရောက်နေပြီး ကိုယ့်ကိုထိုင်ကြည့်နေတယ်ဆိုတဲ့အသိက အရမ်းထိတ်လန့်ဖို့ကောင်းတာ တကယ်။

အခန်း passcode ကိုအဲ့ဒီ့လူရှေ့ သတိလက်လွတ်ရိုက်နေမိတဲ့ သူ့ရဲ့အပြစ်ကအရင်။ ဧည့်ခန်းကိုဖြတ်ပြီး အိပ်ခန်းထဲထိဝင်လာတာကတော့ ဝမ်ရိပေါ်အပြစ်ပေါ့။

နောက်ပြီး အိပ်ခန်းထဲမှာ သူတစ်ခါတစ်လေထိုင်တတ်တဲ့ဆိုဖာခုံကိုယူပြီး မွေ့ယာနားထိလာထိုင်ကြည့်နေတာရော၊ ဘာမှပြောမလာဘဲ ဇိုးဇိုးဇက်ဇက်လုပ်တာရော။ အားလုံးကတော့ အဲ့ဒီ့အရာရှိကောင်အပြစ်ပဲ။

‌မောနင်းကစ်ဆိုတဲ့စကားတစ်ခွန်းနဲ့ သူ့နှဖူးကအနမ်းခံလိုက်ရပေမယ့် အိပ်ယာနိုးချင်းကြောင်နေတဲ့သူက ဘာမှမတုန့်ပြန်လိုက်နိုင်ဘူး။ သတိရလာတဲ့အခါ သူ့ဘေးကခေါင်းအုံးနဲ့အားကုန်ရိုက်လိုက်မိတာပဲ။

ဒါပေမယ့် ဝမ်ရိပေါ်ကလျင်တယ်။ ရှောင်းကျန့်ရဲ့ခေါင်းအုံးကိုဖမ်းဆွဲပြီး သူ့ရဲ့နောက်ဘက်လွှတ်ပစ်လိုက်တယ်။ အဲ့ဒီ့လိုနဲ့ သူရဲ့ခေါင်းအုံးတွေအကုန်က ဝမ်ရိပေါ်ရဲ့အနောက်မှာ အမှိုက်တွေလို  ပြန့်ကျဲသွားတယ်။

သူအနားမှာ စောင်တစ်ထည်သာရှိတော့တာမို့ ရှောင်းကျန့်က မွေ့ယာပေါ်ကဆင်းပြီး ဒေါသတစ်ကြီးအော်ဟစ်ပစ်တယ်။

" ထွက်သွားစမ်း! မင်း အခုထွက်သွား "

" အရမ်းဒေါသမထွက်ပါနဲ့ ရှောင်းကျန့်။ ငါနဲ့အိပ်ပါ "

Pink Blessing [COMPLETED]Where stories live. Discover now