9

4.8K 504 1
                                    

မိုးများတဲ့ရာသီကို ရောက်လာခဲ့ပြီ။ တစ်နေကုန်နီးပါးရွာပြီး ရှောင်းကျန့်ရဲ့တိုက်ခန်းနားမှာ ရေကွက်တွေအစုလိုက်ဖြစ်နေတတ်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မိုးများတဲ့ရာသီကို ရောက်လာခဲ့ပြီ။ တစ်နေကုန်နီးပါးရွာပြီး ရှောင်းကျန့်ရဲ့တိုက်ခန်းနားမှာ ရေကွက်တွေအစုလိုက်ဖြစ်နေတတ်တယ်။

သူ့ရဲ့ဆေးရုံနဲ့တိုက်ခန်းကိုအသွားအပြန်က နှစ်ယောက်ဖြစ်နေခဲ့တာလည်း နှစ်လနီးပါးလောက်ရှိသွားပြီရယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်တိုက်ခန်းဘေးမှာ နီးနီးကပ်ကပ်အခန်းရှာပေမယ့် အခွင့်အရေးမရခဲ့ဘူး။

ဘေးနှစ်ခန်းကပိုင်ရန်နဲ့ဖန်ဖန်းကလည်း ဖယ်ပေးမှာမဟုတ်သလို သူကလည်းဘာမှအတတ်နိုင်ပါဘူး။ အဲ့ဒါနဲ့ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အခန်းမှာကပ်နေပါတယ်။

ဒီဇွတ်တရွတ်နဲ့ဝမ်ရိပေါ်ကို သူဘယ်တုန်းကတားလို့ရခဲ့ဖူးလဲ။ အခုတော့ သူတို့နှစ်ယောက်က အတူနေပြီးအတူသွားကြတယ်။

ရှောင်းကျန့်ကိုအလုပ်လိုက်ပို့တယ်။ ပြန်ရမယ့်နေ့တွေမှာလာကြိုတယ်။ စားစရာတွေလာပို့တယ်။ နိုက်ဂျူတီနေ့တွေမှာ ညပိုင်းလာတွေ့တယ်။

သူတို့နှစ်ယောက်ရဲ့အကြောင်းကို ဆေးရုံကလူတိုင်းသိပေမယ့် ဘာမှမထူးဆန်းသလိုပဲ။ ပတ်သတ်မှုခေါင်းစဉ်ရေရေရာရာမရှိတာကိုပေါ့။

" ရှောင်းကျန့် အိပ်တော့၊မျက်လုံးထိမယ် "

ရေချိုးခန်းထဲကထွက်လာတဲ့ဝမ်ရိပေါ်က ‌အိပ်ခါနီးကိုယ်လက်သန့်စင်လာပုံပေါ်တယ်။ ရှောင်းကျန့်က စာဖတ်မျက်မှန်ကိုတစ်ချက်ပင့်တင်ရင်း ကိုင်ထားတဲ့ဆေးစာအုပ်အထူကြီးကို မြှောက်ပြလို့ပြန်ဖြေတယ်။

" အော ဒီတစ်မျက်နှာပြီးရင် အိပ်လိုက်မယ် "

ဝမ်ရိပေါ်က နာရီကိုတစ်ချက်ကြည့်တယ်။ အပြင်မှာမိုးက သည်းသည်းမည်းမည်းရွာနေတယ်။ နောက်တော့သူက ရှောင်းကျန့်ရှိရာလျှောက်လာရင်း. .

Pink Blessing [COMPLETED]Where stories live. Discover now