1

6.7K 620 6
                                    

နိုက်ဂျူတီ သုံးရက်ဆက်သွားတာကြောင့် ရှောင်းကျန့်က အတော်ကိုပင်ပန်းနေတဲ့အနေထားမှာ ရှိတယ်။ တင်းထားရတဲ့စိတ်က ဒီနေ့တစ်ညတော့ အေးအေးဆေးဆေးအမားယူရမှာဆိုပြီး လျှော့ချလိုက်တဲ့အခါ လက်လေးတစ်ချောင်းတောင် မလှုပ်ချင်တော့တာ တကယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နိုက်ဂျူတီ သုံးရက်ဆက်သွားတာကြောင့် ရှောင်းကျန့်က အတော်ကိုပင်ပန်းနေတဲ့အနေထားမှာ ရှိတယ်။ တင်းထားရတဲ့စိတ်က ဒီနေ့တစ်ညတော့ အေးအေးဆေးဆေးအမားယူရမှာဆိုပြီး လျှော့ချလိုက်တဲ့အခါ လက်လေးတစ်ချောင်းတောင် မလှုပ်ချင်တော့တာ တကယ်။

" ဒေါက်တာရှောင်း မဂ်လာပါ "

" အင်း "

ခေါင်းငုံနှုတ်ဆက်သွားတဲ့ အလုပ်သင်ဆရာဝန်လေးနှစ်ယောက်ကို သူကလည်းအင်းတစ်လုံးနဲ့ပြန်နှုတ်ဆက်နိုင်တော့တယ်။ အခုချိန်သူ့စိတ်ထဲမှာ အိစက်ညက်ညောနေတဲ့မွေ့ယာပေါ် ခြေပစ်လက်ပစ်သာ လှဲချင်နေတော့တာပဲ။

နားနေခန်းထဲရောက်တဲ့အခါ အဝတ်လဲပြီး မှေးစဉ်းနေတဲ့မျက်လုံးတွေကို ခဏလောက်အနားပေးရတယ်။ မနက်ဖြန်ပိတ်ရက်မို့ တိုက်ခန်းပြန်ရမယ်။

" ‌ကျန့်ကျန့် မင်းတိုက်ခန်းပြန်မှာလား? "

ဖုန်းကိုစာတစ်တောက်တောက်ရိုက်ရင်း ပိုင်ရန် နားနေခန်းထဲဝင်လာပြီး သူ့ရဲ့ခုံမှာထိုင်တယ်။

" အင်း ပြန်မှာ "

ရှောင်းကျန့်က သူ့ရဲ့ကုတင်ပေါ်မှာ မှောက်ခုံဖြစ်ပြီး ပါးတစ်ဖက်ကအဖိခံထားရတာမို့ ထွက်လာတဲ့အသံကခပ်အစ်အစ်။

" အဲ့ဒါဖြင့် ငါဖန်ဖန်းကို မင်းပြန်လာမှာပြောလိုက်မယ်။ အဲ့ဒီ့လီအမကြီးက ငါတို့နှစ်ယောက်နဲ့မတွေ့တာကြာနေလို့ လွမ်းနေပြီတဲ့ "

လီဖန်ဖန်းဆိုတာ သူတို့နှစ်ယောက်ထက်ကြီးတဲ့ သူငယ်ချင်းကောင်မလေး။ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူတို့သုံးယောက်ထဲမှာ အလုပ်မများဆုံးပဲ။

သူမကအားတဲ့အချိန်တွေများပေမယ့် ရှောင်းကျန့်နဲ့ပိုင်ရန်က နည်းနည်းလေးတောင်မအားလပ်နိုင်ဘူး။ ဒါပေမယ့် ဖန်ဖန်းက ဆေးရုံကိုအမြဲလာလည်တတ်တာမို့ သူတို့တွေ့တဲ့အချိန်တွေက နည်းမသွားဘူး။

Pink Blessing [COMPLETED]Where stories live. Discover now