(၁၅)Z/U

793 61 4
                                    

Zawgyi
_______

"အရှင် !!!"

"ဖယ်စမ်း မင်းကြောင့် "

"မဟုတ်ဘူးအရှင် ရှောင်းဟုန်က အရှင်ဘေးကင်းစေဖို့အတွက်ပါ"

သနားစရာ ကောင်းလောက်အောင် ငိုနေသည့်ရှောင်းဟုန်ကို
ရှဲ့ဟန်အပြင်းအထန်ပေါက်ကွဲနေမိသည်။

"ငါကိုယ်တော်မင်းကိုယုံခဲ့တယ်ရှောင်းဟုန် ဘယ်သူ့ကိုမှမင်းလောက်ယုံကြည်ခဲ့တဲ့လူမဟုတ်ဘူး
ဒါကိုမင်းကတောက်! !!"

ရှောင်းဟုန်သူ့ရွာကနေပြန်ရောက်လာတော့ ရှဲ့ဟန်အတွက် ဆေးနဲ့အတူရှဲ့ဟန်ဘေးကင်းစေဖို့အတွက်ဆိုပြီးအဆောင်လက်ဖွဲ့ကြိုးတစ်ခုပါလာခဲ့သည်။
စစ်မတိုက်ခင် သူ့ကိုအန္တာရာယ်ကင်းစေဖို့ လက်ဖွဲ့ပေးလိုက်သည်ဆိုတဲ့အရာက ရှဲ့ဟန်ကို ဒီလိုပုံစံဖြစ်အောင်လုပ်ခဲ့တာပင်
ဗိုက်ပေါ်ကနာကျင်မှုနဲ့ အတူမကျေနပ်စိတ်တွေတိုးလာရသည်။ တစ်သက်လုံးဘယ်တော့မှစစ်ပွဲတွေမှာမရှုံးနိမ့်ဖူးတဲ့ ရှဲ့ဟန်ကဒီလို သေးငယ်တဲ့တိုင်းပြည်သေးသေးလေးကိုရှုံးနိမ့်ခဲ့သည်တဲ့
တိုက်ခိုက်နေစဉ်လဲ အားတွေသိသိသာသာလျော့လာတာသတိထားမိသည်။ဒါတွေက သူပေးလိုက်တဲ့အဆောင်ကြောင့်ဆိုတာ မရိပ်မိခဲ့တာတကယ်ဆိုးတာပဲ ...

"အရှင်ဒဏ်ရာကိုဆေးထည့်ပါအုံး "

ဗိုက်ပေါ်စီးကျနေသည့်နီနီရဲရဲသွေးရောင်တွေကြောင့်ရှောင်းဟုန်ထိတ်လန့်မိသည်။

"ကိုယ်တော်မင်းနဲ့စာရင်းရှင်းအုံးမယ် !!"

ဒဏ်ရာကိုလက်နဲ့ဖိကာအဆောင်ထဲဝင်သွားသည့် အရှင့်ကိုရှောင်းဟုန်တံခါးအပြင်ဘက်ကနေစောင့်နေလိုက်သည်။ မကြာခင်မှာပဲ သမားတော်ရောက်လာပြီးရှောင်းဟုန်ကိုအရိုအသေပေးကာသုတ်သုတ်ပျာပျာနှင့်အဆောင်ထဲဝင်သွားတော့သည်။
တကယ်ပဲ ရှောင်းဟုန်ပေးခဲ့တဲ့ အဆောင်ကဒီလိုဖြစ်စေတာလား ရှောင်းဟုန်ရဲ့ကံကောင်းစေတဲ့ လက်ပတ်လေးကလေ မဖြစ်နိုင်တာ....

*******

"အရှင် ဘယ်လိုနေသေးလဲဟင် "

ကုတင်ပေါ်လှဲလျောင်းကာ မျက်နှာကိုတစ်ဖက်လှည့်ထားသည့်အရှင်ကရှောင်းဟုန်ကိုစကားပြောချင်နေပုံမရ...

(ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ်ဖြစ်နေတယ်)Where stories live. Discover now