*155* ငါတို့ကိုအရူးလာလုပ်နေတာလား

8.3K 1.5K 67
                                    

လျှို့ဝှက်နယ်မြေကြီးပွင့်လာတော့မယ်လို့ သတင်းကြားထားကြတဲ့ ကျင့်ကြံသူတွေက နန်ပေနယ်မြေထဲကတောအုပ်ဆီကို အပြေးအလွှားရောက်ရှိလာကြလေသည်။ သူတို့ထဲက တစ်ယောက်က လျှို့ဝှက်နယ်မြေရဲ့ဝင်ပေါက်က တောအုပ်အထဲမှာ မှော်လက်နက်တစ်မျိုးနဲ့အတူ ထွက်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး သူတို့မှာ လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်နဲ့ ဖွင့်ချိန်ကို လွဲချော်သွားမှာ ကြောက်ကြတာကြောင့် တောအုပ်ရဲ့ ထောင့်တိုင်းနေရာတိုင်းကို စစ်ဆေးနိုင်ရန်အတွက် သူတို့ရဲ့ ဝိညာဥ်စွမ်းအားတွေကို ထုတ်လွှတ်ထားကြလေသည်။

ဒါပေမဲ့လည်း ခြွင်းချက်ဆိုတာတော့ ရှိသေးသည်ပင်.. အပျော်ခရီးထွက်လာသလို ပြုမူနေကြသော ရုန်ယိနဲ့ သူ့အဖော်တွေလိုပေါ့.. သူတို့က မီးပုံတစ်ပုံဖိုကာ အသားစိမ်းတွေကို ကင်နေကြပြီး အရက်တွေကို နားနားနေနေဖြင့် သောက်နေကြ၏။ အဓိကကတော့ သူတို့က ကလေးလေးသုံးယောက်ကိုပါ ဒီနေရာကို ခေါ်ဆောင်လာခဲ့ပြီး တစ်ယောက်ဆိုရင် တစ်နှစ်သားလောက်သာ ရှိသေးလေသည်။

လျှို့ဝှက်နယ်မြေရဲ့ဝင်ပေါက် ပေါ်ထွက်လာမှာကို သေချာအနီးကပ်စောင့်ကြည့်နေကြရင်းနဲ့ ထိုကျင့်ကြံသူတွေမှာ သူတို့ကိုလည်း ခိုးကြည့်နေကြသေးသည်။ ကလေးတွေရဲ့ တခစ်ခစ်ရယ်မောသံတွေက သူတို့က ဒီကို လျှို့ဝှက်နယ်မြေထဲဝင်ဖို့ ရောက်ရှိလာတာမဟုတ်ဘဲ ရှုခင်းလာကြည့်တာလို့တောင်မှ ထင်ရစေသည်။

တစ်ချို့ကျင့်ကြံသူတွေမှာ မပြောဘဲ မနေနိုင်ကြတော့..
"တောအုပ်ထဲမှာက ကျုံးကုနယ်မြေမှာလိုမျိုး သားရဲတွေအများကြီးမရှိဘူးဆိုပေမယ့်လည်း ရှိတဲ့ဟာတွေက အတော်လေးရက်စက်ကြမ်းကြုတ်ကြတာ... အဲ့သားရဲတွေ သူတို့ကို အရှင်လတ်လတ်စားပစ်လိုက်မှာ မကြောက်ကြဘူးလားမသိဘူး"

"မိစ္ဆာသားရဲတွေက ဒုတိယကိစ္စဘဲ.. လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်က စုပ်အားရှိပြီး.. ဒီကလူတွေအားလုံးကို လျှို့ဝှက်နယ်မြေထဲကို စုပ်ယူသွားနိုင်တယ်"

လူတစ်ယောက်က သူတို့ကို နှာခေါင်းရှုံ့လာ၏။
"ခင်ဗျားတို့ အစိုးရိမ်လွန်နေပြီ.. သူတို့နဲ့အတူ ကိုယ်ရံတော်တွေအများကြီး ခေါ်လာတာ မတွေ့ဘူးလား.. ပြီးတော့ ပတ်လည်မှာလည်း အဆင့်မြင့် စွမ်းအားကြီး အစီအရင်တစ်ခုကလည်းရှိနေသေးတယ်.. သူတို့ကို မိစ္ဆာသားရဲအုပ်စုလိုက်ကြီး လာတိုက်ခိုက်ရင်တောင်မှ.. အချိန်လိုသေးတယ်.. သူတို့မှာ မဟာယာနအဆင့်အထက်က ကျင့်ကြံသူတောင် ရှိရင်ရှိနေမှာ.. ခင်ဗျားတို့ ကိုယ့်ကိစ္စကိုယ်သာ ဂရုစိုက်ကြစမ်းပါ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now