-7-

2.2K 405 11
                                    

"အပ်ချောင်းကစကားပြောနေတာကိုယ် မြင်ယောင်ပြီးရယ်ချင်လာလို့ "

"အော်ပုံပြင်ပါဆို ၊ ထားပါတော့ နောက်ဟာတွေပိုတောင်အဓိပ္ပါယ်မဲ့သေးတယ် "

"ဆက်နားထောင်ခွင့်ပေးပါ "

"ဟာဟ မင်းမသိမသာစိတ်ဝင်စားနေပြီ ဒါက အူကြောင်ကြောင်ဆန်တဲ့ပုံပြင်ဇာတ်လမ်းတွေရဲ့ဆွဲဆောင်မှုပဲ ငါဆိုကြောင်လိုက်တာငပေါကားဆိုပြီး ဘာဆက်ဖြစ်မလဲထိုင်ကြည့်နေတာကားပြီးတဲ့အထိ၊ ဒါတွေပဲထပ်တလဲလဲပေါပြမှာသိပေမဲ့ ဇာတ်ကားကောင်းတွေထက်ပိုဆိုးတယ်ဆွဲအားက "

"မင်းကချစ်ဖို့ကောင်းတာပဲ "

"ဘာ ဘာကိုလဲ? "

"ကလေးလေးနဲ့တူတယ်မင်းပုံစံက "

"မင်းကလူကြီးနဲ့တူတယ် "

"ကိုယ်ကလူကြီးနဲ့တူတယ်ပေါ့ "

"အင်း ဦးလေးနဲ့တစ်ပုံထဲပဲခံစားရတယ် "

"ပထွေးနဲ့ကိုယ့်ကိုတစ်နေရာထဲထားတာတော့မကောင်းပါဘူး "

"သဘောပြောပြတာပါ မင်းငါ့ဘေးရောက်လာရင် အုပ်ထိန်းသူလိုလိုနဲ့ ၊ ငါဆိုမလုပ်နိုင်လောက်ဘူး လူတစ်ယောက်ကိုအသေးစိတ်လိုက်ဂရုစိုက်ပေးဖို့ဆိုတာမလွယ်ကူဘူးလေ "

"ကိုယ်ကမာမီသင်ပေးထားလို့ထင်ပါရဲ့ နဂိုထဲကညီတွေနဲ့လည်းတည့်တယ် ငယ်ငယ်ထဲက သူတို့ကိုကိုယ်ပဲထိန်းခဲ့တာ  ၊ ရောဂါဖြစ်ပြီးတော့ သူတို့ကိုမတွေ့နိုင်တော့ဘူး "

"ဝမ်းကွဲတွေလား? "

"အင်း ၊ မင်းရောက်လာတော့ ဒီကမ္ဘာပေါ်မှာကိုယ်ဂရုစိုက်ပေးနိုင်တာ ကြည့်ပေးနေနိုင်တာ ချစ်...."
"မင်းပဲရှိတယ်လေ မင်းတစ်ယောက်ထဲပဲ ၊ အဲ့ဒါမို့ကိုယ်တအားလွှမ်းမိုးတာကိုစိတ်မွန်းကျပ်လာရင်ကိုယ့်ကိုပြောပေးနော် "

"ငါမမွန်းကျပ်ပါဘူး ၊ ဆိုင်ရှေ့တောင်ရောက်ပြီ ပုံပြင်ကပြောတောင်မပြောလိုက်ရဘူး "

သူအပြီးထိလည်းပြောဖို့မတွေးထားပါ ။ တည်တံ့တဲ့ပုံပြင်ထက် ဒီအရွယ်ယောကျာ်းအတွက် "ငါဘာလို့နားထောင်နေရတာလဲ? " ဆိုပြီးမေးခွန်းထွက်လာမဲ့ ခပ်ကြောင်ကြောင်ပုံပြင်ကိုသူတမင်ရွေးခဲ့တာပင် ။ အသုံးတည့်စွာရိပေါ်စိတ်ကသူ့ဆီမှာပဲအာရုံရောက်နေခဲ့တယ် ။

- M̶i̶s̶o̶p̶h̶o̶n̶i̶a̶ -Where stories live. Discover now