-11-

2K 353 20
                                    

ရိပေါ်လက်ထဲက CD ချပ်ကသတ္တုရောင်ပြန်
နဲ့ဆေးရိုက်သားကိုခြစ်ထုပ်နေတယ် ။

"ဘာလုပ်နေတာလဲ "

နှစ်ထပ်အမြင့်ကသူ့အခန်းပြတင်းပေါက်ကိုကျွီခနဲဖွင့်ပြီးခေါင်းပြူလာတဲ့ရှောင်းကျန့်ကြောင့်သူ
လန့်သွားပေမဲ့ပြုံးပြလိုက်တယ် ။ ပြင်ပလေမဝင်တာကြာတဲ့အခန်းထဲ လေအေးအေးကအလုအယက်အောက်ဆီဂျင်ဖြည့်တင်းပေးကြတယ် ။ စိတ်မချလို့ထကြည့်တော့လှေကားနဲ့တက်လာတာဖြစ်ပြီး အောက်မှာအိမ်အလုပ်သမားတွေက လုံခြုံအောင်ကိုင်ထားပေးကြတယ် ။

"ကိုယ် CD အကြည်လေးတွေလုပ်နေတာ ၊ မင်းကရော? "

"ပျားအုံလေ အဲကွန်းစက်နားမှာစွဲနေလို့ "

"ဟုတ်လား "

ရိပေါ်ခေါင်းပြူကြည့်တော့ စက်နားသစ်ကိုင်းလေးမှာပျားအုံအတွဲလိုက်လေး ။

"ပျားအုံကိုဘာလုပ်ချင်? "

"ပျားသလပ်ကျိတ်မယ်လေ "

"မလုပ်ပါနဲ့ကွာ ၊ နေပါစေသူ့အိမ်သူ "

"မရဘူးစားမှာ "

"ကိုယ်ဝယ်ကျွေးပါ့မယ် "

"အဲ့ဒါသဘာဝမှမဟုတ်တာ "

"ကဲနေပါဦး စားတာမစားတာထက် မင်းအတုပ်ခံရမှာကိုယ်ပူတာ "

"ဒါလေးများအေးဆေး ပျားဘုရင်ရှောင်းကျန့်ဆိုတာငါပဲ "

"ကိုယ်ဖွတ်ပေးမယ် မင်းနေ "

"မင်းသာနေစမ်းပါ ပျားဘုရင်ပါဆိုဒါလောက်လေးကတော့လား "

. . .

မျက်ဝန်းတွေယောင်ကိုင်းတဲ့အထိငိုနေတဲ့ရှောင်းကျန့်ကိုသူမချော့တတ်တော့ ။ ပျားတုပ်ခံထားရတဲ့မျက်နှာလေးက ရုပ်ဆိုးနေပြီး သနားစရာ ။

"ကိုယ်ပြောပါတယ် "

"မင်းပြောရုံပဲပြောတာလေ အခန်းထဲဆွဲခေါ်ခဲ့ပါလား မင်းပျားတွေအကြောင်းသိရင် "

"ဟောဗျာ ကိုယ်... "

"မင်းမကောင်းတာ "

"အေးပါကွာ "

"နာတယ် "

"ဆရာဝန်ပြန်ခေါ်လိုက်ရမလား "

"မခေါ်နဲ့ ငါ့ကိုမျောက်လိုကြည့်နေတာသူက ၊ ငါပျားသလပ်လေးပဲစားချင်ခဲ့တာပါ "

- M̶i̶s̶o̶p̶h̶o̶n̶i̶a̶ -Where stories live. Discover now