-18-

2K 313 23
                                    

"ကိုယ်မင်းအပေါ်မတွေးပေးချင်တော့ဘူး... လမ်းမှားကိုဆွဲသွင်းမိတယ်ဆိုရင်တောင် မှန်တဲ့လမ်းထက်ပိုကောင်းအောင်ကိုယ်ကကြိုးစားပေးမှာမို့ ကိုယ့်ကိုချစ်သူအဖြစ်လက်ခံပေးပါ "

"မင်းထကွာ "

"ဟင့်အင်း ကိုယ်ဒူးထောက်တာက မင်းရဲ့သဘာဝကျတဲ့အနာဂါတ်ကိုဖျက်ဆီးမိတော့မဲ့
ခွင့်ပြုချက်ကိုတောင်းဆိုချင်လို့ "

"ရိပေါ် "

"ကိုယ့်ကိုမငြင်းပါနဲ့ ကိုယ်မင်းကိုတကယ်လက်မလွှတ်နိုင်ဘူး ကိုယ်မရဘူး မင်းမရှိရင်မရဘူးဖြစ်နေတယ် "

"ငါဘယ်မှမသွားဘူး ၊ မင်းကိုလည်းမထားခဲ့ဘူး အဲ့ဒါမို့... ထ "

"သူကဘယ်သူလဲ? "

"သူ?  ဘယ်သူ?  အာ... သူက မင်းအဖေလုပ်ငန်းအတွက်ကြေငြာပေးမဲ့ Social Influencer "

"ကိုယ့်ကိုရွဲ့ချင်လို့လုပ်ခဲ့တာလား? "

"မင်းကအမြဲနေနိုင်တယ်ပဲပြောနေတာလေ ၊ ငါသိချင်ခဲ့ရုံပါ "

ရိပေါ်မျက်နှာကဖျော့တော့သွားတယ် ။

"မင်းမှားနေပြီ ၊ ကိုယ်နေနိုင်တာမဟုတ်ဘဲ မင်းပျော်မယ် ကောင်းမယ်ဆိုသည်းခံပေးရမယ်ပဲကိုယ်တွေးခဲ့တာ ၊ ကိုယ်အကြိမ်ကြိမ်ပြောတယ် မင်းမုန်းတီးရတဲ့အမှတ်တရမဖြစ်ချင်ဘူးလို့ ... ဘာလို့ ကိုယ့်ခံစားချက်ကိုနားမလည်ရတာလဲ "

"ချစ်တယ် "

သပွတ်အူပြဿနာကိုသူထပ်မရှင်းချင်တော့ပေ ။ ငယ်ရွယ်တဲ့ကောင်လေးနှစ်ယောက်ကြားမှာမှားယွင်းတဲ့အထင်အမြင်လွဲမှုတွေအများကြီးရှိနိုင်တယ် ။ သူအခုတတ်နိုင်တာက ဒီကောင်လေးကိုဖက်ထားပြီး အပြောချင်ဆုံးစကားတစ်ခွန်းပြောလိုက်ဖို့ပင် ။

အတူအိပ်ချင်မှလည်းအိပ်နိုင်မယ် ။ ဒီအမျိုးသားနဲ့ အချစ်နွံလူးရတာလည်းသာယာချင်မှသာယာမယ် ။ တစ်ချိန်ဒါငါ့ချစ်သူလို့မိတ်ဆက်ပေးနိုင်ဖို့တွန့်ဆုတ်ချင်လည်းတွန့်ဆုတ်နေလိမ့်မယ် ။

ဒါပေမဲ့...

"ငါမင်းကိုချစ်တယ် "

"တစ်ခြားတစ်ယောက်ကိုသဘောမကျလိုက်ပါနဲ့ ထားလည်းထားမသွားနဲ့ ၊ ကိုယ်ရူးသွားလိမ့်မယ် "

- M̶i̶s̶o̶p̶h̶o̶n̶i̶a̶ -Donde viven las historias. Descúbrelo ahora