-31-

1.7K 277 5
                                    


စာသင်ဆောင်ရဲ့ အပြင်တည့်တည့်မှာကားထိုးရပ်ပြီးတာနဲ့ စာသင်ခန်းအပေါက်ဝအထိလိုက်ပို့တဲ့ရိပေါ်ကြောင့်ရှောင်းကျန့်အနည်းငယ်မျက်နှာပူသွားတယ် ။ မူကြိုပြန်ရောက်သွားတာပဲ ။ သူငယ်ငယ်တုန်းကတောင် မိဘတွေကျောင်းလိုက်မပို့ခဲ့ဘူး ။

"ကိုယ်ကားထဲမှာပဲရှိမယ် နေ့လည်ကျရင်ထမင်းစားဖို့ဆင်းလာခဲ့ "

"အော "

"မာဖလာမချွတ်နဲ့ လည်ပင်းနာတာပိုဆိုးလာလိမ့်မယ် "

"သိပါတယ်ဆို သွားတော့လေ "

ဆူပွပွနဲ့နှင်လွှတ်မှ အပြုံးတစ်ချက်ပေးရင်းထွက်ခွါသွားတဲ့ကျောပြင်ကို လွမ်းဆွတ်သိုသူငေး
ကြည့်လိုက်တယ် ။ အခန်းထဲဟိုင်ပင်းကရှိနေပြီး အကြည့်ချင်းဆုံတာနဲ့ ရှောင်းကျန့်အေးစက်စက် သတိပေးချက်တွေသာ မျက်ဝန်းကတစ်ဆင့်ပို့လွှတ်လိုက်တယ် ။

ထူးဆန်းစွာဖြင့်ပင်ဟိုင်ပင်းက တစ်ချိန်လုံး သူ့အနားကပ်မလာခဲ့ပေ ။ နေ့လည်စာအချိန်ရောက်တော့ ဖုန်းပြောရင်းအလောတကြီးပြေးထွက်သွားတဲ့ ဟိုင်ပင်းက သူ့ကိုပင်ဝင်တိုက်သွားသေးတယ် ။ ရိပေါ်နဲ့အတူနေ့လည်စာစားရင်းထိုအကြောင်းပြန်ပြောဖြစ်တော့ မနာလိုတဲ့အငွေ့အသက်တွေကြောင့် တိတ်တဆိတ်သာနေလိုက်တော့တယ် ။

"ကိုယ်တို့ပန်းခင်းကြီးနောက်နှစ်နွေဦးလောက်ဆိုပွင့်ပြီတဲ့ ကိုယ်တို့သွားလည်ရအောင် ဒါမှမဟုတ် လေးနှစ်လောက်ပေါ့ အဲ့အချိန်ဆိုချယ်ရီတွေပါ
ပွင့်လောက်ပြီ "

"အဲ့လောက်တောင်ကြာမှာလား? "

"ပင်ပြည့်ပွင့်ဖို့ ခုနစ်နှစ်လောက်တောင်ကြာမယ်ပြောတယ် ၊ မပြောတတ်ဘူး အပင်နုကာလမှာ အစောပွင့်တဲ့ဟာတွေကသိပ်မလှဘူး ကိုယ်တို့ကကိုင်းဆက်စိုက်နည်းမရွေးခဲ့လို့လေ "

"ငါကရပါတယ် ဘယ်အချိန်ဖြစ်ဖြစ် နောက်နှစ်အလုပ်ရှုပ်နေရင် အဲ့အချိန်မှသွားကြတာပေါ့ "

"စပျစ်သီးမကြိုက်ဘူးလား "

"အစိမ်းတွေချဥ်မှာပေါ့ "

အချိုတည်းဖို့ရာထည့်ယူလာတဲ့ဘူးလေးထဲက
စပျစ်သီးတစ်လုံးကိုရိပေါ်အရင်စားကြည့်လိုက်တယ်။

- M̶i̶s̶o̶p̶h̶o̶n̶i̶a̶ -Wo Geschichten leben. Entdecke jetzt