*156* ထောင်လွှားရန်

7.5K 1.4K 83
                                    

ရုန်ယိက လျှို့ဝှက်နယ်မြေဝင်ပေါက်ကို ကြည့်လိုက်ပြီး
" ဝင်ပေါက်က ပိတ်သွားပြီ.. ငါတို့ပြန်မထွက်နိုင်ခင် ထွက်ပေါက်ပွင့်လာတာကို စောင့်မှရမယ်.. ဒါပေမဲ့ အထဲရောက်နေပြီဆိုမှတော့ ဘာလို့ အနီးအနားကိုလျှောက်သွားပြီး အဆင့်မြင့်ပါဝင်ပစ္စည်းအချို့လောက် သွားမရှာကြရမှာလဲ"

ကိုယ်ရံတော် ခြောက်ယောက်စလုံးက တစ်ပြိုင်နက် ခေါင်းခါပြလာကြသည်။ သခင်လေးကို ကာကွယ်ပါ့မယ်လို့ သူတို့ သခင်ကို ကတိပေးထားခဲ့သည်။ သူ လျှို့ဝှက်နယ်မြေထဲဝင်လို့မရသလို ထိခိုက်သွားလို့လဲ မဖြစ်ပေ.. လျှို့ဝှက်နယ်မြေထဲ ပစ်ထည့်ခံလိုက်ရတာကတင် သူတို့ခန့်မှန်းထားတာတွေကို ကျော်လွန်သွားပြီးလေပြီ.. သူ့ကို ထပ်ပြီး ထိခိုက်စေလို့တော့မဖြစ်တော့..။

ရုန်ယိက သူ့ခန္ဓာကိုယ်ဘက်ကို လှည့်လိုက်ကာ
"ရှောင်ရုန် မင်းရော ဘယ်လိုထင်လဲ"

ရုန်ယိခန္ဓာကိုယ်က စာရွက်နဲ့ စုတ်တံတစ်ချောင်းထုတ်ကာ ရုန်ယိကို စာတစ်ကြောင်းရေးပေးလာသည်။

ရုန်ယိ သူ့ကိုကြည့်ကာ နောက်တော့ စာရွက်ကို ကြည့်လိုက်ပြီး သူ့ကို ထပ်ကြည့်လိုက်ပြန်သည်။
"ငါအခုလေးတင် မင်းစကားပြောတာကို ကြားလိုက်ရသလိုဘဲ"

ရုန်ယိခန္ဓာကိုယ်မှာ မျက်ခုံးတွေပင့်သွားကာ အသံထွက်ဖို့ ကြိုးစားကြည့်လိုက်ပေမဲ့ ဘာအသံမှ ထွက်မလာပေ။

ရုန်ယိ ကိုယ်ရံတော်တွေကို လှည့်မေးလိုက်သည်။
"အခုလေးတင်လေ.. သူပြောတာကို မကြားလိုက်ကြရဘူးလား"

အကုန်လုံးက ခေါင်းခါပြလာကြ၏။

ရုန်ယိမှာ သူ့ခန္ဓာကိုယ်ကို မျက်မှောင်တွေကြုတ်ကာကြည့်နေရင်းနဲ့ စိတ်တွေရှုပ်သွားရသည်။ ဘာလို့ ဘယ်သူမှမကြားလိုက်ကြတာလဲ.. အဲ့တာက... အသံပို့လွှတ်တာများလား....။

သူ့ခန္ဓာကိုယ်က သူ့အတွေးတွေကို သိသွားပြီး ချက်ချင်းဘဲ သူ့ကို အသံပို့လွှတ်ကာ မေးလာသည်။
"မင်း အခု ငါပြောတာကြားရလား"

ရုန်ယိမှာ ခဏလောက် တန့်သွားမိပြီးနောက် ဝမ်းမြောက်ဝမ်းသာစွာ ပြုံးကာ ပြောလာ၏။
"အင်း.. ဆိုတော့ ငါ နားကြားမှားလိုက်တာမဟုတ်ဘူးဘဲ.. မင်းက အသံပို့လွှတ်ပြီး ပြောနိုင်နေတာကို ဘာလို့များ စာရေးပြီး အင်အားတွေဖြုန်းတီးနေရသေးတာလဲ.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now