Part-6🚫

6.9K 230 7
                                    

Unicode

"ထွက်သွား ရှောင်ကျန့်"
*ဒီလိုလုပ်တိုင်းငွေရမယ်ဆိုတဲ့ အသိဝင်သွားရင် နောက်ဆိုလဲဒီလိုပဲလိုက်ရှာနေတော့မှာ*

ရှောင်ကျန့် ခြံထဲကိုပြေးဆင်းသွားကာ ဒန်းပေါ်မှာထိုင်ပြီးဆက်ငိုနေတယ်..
ရိပေါ်လည်း အလုပ်တွေကျန်နေသေးသဖြင့် ဂရုမစိုက်ပဲဆက်လုပ်နေတယ်...ထိုစဉ်

"ကျန့်ကျန့် ဘာလို့ငိုနေတာလဲ"
"အစ်ကို !ကျွန်တော်ဘာမှ မဖြစ်ပါဘူး "
"ရိပေါ်နဲ့ စကားများလို့လား"
"အင်း နဲနဲပါ ဒါပေမယ့်အစ်ကို့ ကိုတွေ့တော့ပျော်သွားပြီ"
"ဟုတ်လား ဒါဆိုရော့"
"ဝါး....ချောကလက်တွေအများကြီးပဲ"
ကဒ်ကလေးထဲမှာ ချောကလပ်အလုံး ၅၀လောက်ပါတော့ ရှောင်ကျန့်ပျော်သွားကာ ဖောက်စားတော့တယ် ပျော်ပြီးတော့စကားတွေပြောပြီး ရာယ်နေပေမယ့် ခုနကမျက်ရည်တွေကမခြောက်သေး..
"အစ်ကို့ကောင်မလေးကချောလား "
"အစ်ကို့မှာ ကောင်မလေးမရှိပါဘူး နို့မို့ဆို ရိပေါ်က ကျန့်ကျန့်နဲ့သဝန်တိုနေမှာစိုးလို့ ရှိတယ်ပြောထားတာ"
"သဝန်တိုတယ်"
"ဟုတ်တယ် ရိပေါ်ကကျန့်ကျန့်နားကို ကပ်ရင်မကြိုက်ဘူး"
"အင်း သူကအတ္တကြီးတယ် ကျန့်ကျန့်ကို သူဝယ်ထားတဲ့ပစ္စည်းလိုသဘောထားနေတာ ဟုတ်လဲဟုတ်တာပဲလေ..ဒါနဲ့အစ်ကို ကောင်မလေးထားဘူးလား"
"အင်း first yearတုန်းက ထျန်လီလီဆိုတဲ့အမကြီးကို ရိပေါ်ရော အစ်ကိုရောကြိုက်တာ နောက်ဆုံးတော့အစ်ကိုနဲ့ တွဲဖြစ်သွားတယ်"
"ဟင် အစ်ကိုက ရိပေါ်နဲ့အသက်တူတူပဲလား"
"အာ ဒါက ဟီး ...ဆောတီးပါ လိမ်မိသွားလို့ "
"ဘာလို့ပျက်သွားတာလဲ"
"အင်းအဲ့အကြောင်း ဘယ်သူ့ကိုမှမပြောဖြစ်ဘူး ရိပေါ်ကိုတောင်မှပေါ့"
"သူကအစ်ကိုနဲ့ အိပ်ဖို့အမြဲဂွင်ဆင်နေတယ်
အစ်ကိုက ၁၇နှစ်ပဲရှိသေးတာ ကြောက်တာပေါ့ အမြဲညဘက်တွေဆိုအိမ်ခေါ်တယ် မုန့်ကျွေးတယ် ပထမကသဘောမပေါက်တော့ ပျော်နေတာ...အိမ်ကိုလည်း ရိပေါ်နဲ့စာကျက်မယ်ဆိုပြီးလိမ်ပြီးထွက်ထွက်လာတာ ရိပေါ်ကလိမ်ပေးရတယ်..ဟားဟား နောက်ပိုင်းတော့အစ်ကိုလဲ သဘောပေါက်သလိုလိုရှိလာပြီး ကြောက်တာနဲ့ သွားမတွေ့ရဲတော့ပဲ ပြတ်သွားတာ"
"ဟား ဟား အစ်ကိုက ရိုးသားလိုက်တာ အဲ့နေရာမှာသာ ရိပေါ်ဆို ခုလောက်ဆို ကလေးဖေဖြစ်နေပြီ"
"မထင်ပါနဲ့ ရိပေါ်ကပိုဆိုးတယ် သူနဲ့ဗိုက်ကြီးသွားမှာအသေကြောက်တာ အကျပ်ကိုင်မှာစိုးလို့တဲ့ "
"အဲ့တာကြောင့် ကျွန်တော့်ကိုခေါ်ထားတာလား"
"အင်း ဟုတ်မှာပေါ့"
"အစ်ကို့ကို ကျွန်တော့်အစ်မနဲ့မိတ်ဆက်ပေးမယ်ခနစောင့်"

Wang's Xiao🔞(Complete)Where stories live. Discover now