Part-21

3.5K 152 4
                                    

Unicode

မနက်ခင်းစကားသံ တစ်ချို့ကြောင့်ရှောင်ကျန့်နိုးလာတော့...
"အား ငါညကဒီမှာအိပ်ပျော်သွားတာလား ...ဒီ ဒီအသံက ပါး အသံ..မမလဲပါတယ် သေပြီ"
ရှောင်ကျန့်အောက်ထပ်ကိုပြေးဆင်းလာတော့ ပါးနဲ့ မမကိုတွေ့သဖြင့် ရိပေါ်ရဲ့အကွယ်မှာနေပြီးခိုးကြည့်ကာ...
"ပါး..သားတောင်းပန်ပါတယ်"
"ဒါဆို ရိပေါ် ဒီတစ်ပတ်အတွင်းလက်ထပ်ပွဲစီစဉ်ပေးပါ"
"ပါးအဲ့တာက အရမ်းမြန်လွန်းမနေ..."
"ရပါတယ် ကျွန်တော်စီစဉ်လိုက်ပါမယ်"
"ရိပေါ်"
"ရှူး"
ရိပေါ်က နောက် ၅နှစ်လောက်မှ လက်ထပ်ချင်တယ် ပြောဖူးတာကြောင့် ဝင်တားလိုက်ပေမယ့် သူကနောက်တစ်ပတ်မှာလက်ထပ်ဖို့သဘောတူတယ်တဲ့
* ချစ်လိုက်တာကိုကိုရာယ်*
ချစ်ရည်ရွှန်းလဲ့တဲ့မျက်လုံးတွေနဲ့ ရိပေါ်ကိုကြည့်နေစဉ်..
"အဟမ်း ပါးတို့ပြန်တော့မယ်"
"အာ ဟုတ် ဟုတ် ကျေးဇူးတင်ပါတယ်ပါး ဟင့် ဟင့်"
ရှောင်ကျန့် ပါးကိုခဏကြာကြာဖတ်ထားလိုက်တယ်....
______
မဂ်လာပွဲအတွက်ချက်ချင်းစီစဉ်လိုက်ပြီး နှစ်ရက်အတွင်းဖိတ်ကြားကာ ၃ရက်မြောက်နေ့ မဂ်လာပွဲကျင်းပလေသည်..မဂ်လာပွဲကိုဒိတ်ဒိတ်ကျဲ ဆိုသူတွေတစ်ယောက်မကျန်အားလုံးတတ်ရောက်ခဲ့ကြသည်....
(ရှုပ်တယ် မင်ဂလာဆောင်တာတေ ကျော်ပစ်)
___
Wang group ရဲ့ boss ဆိုတော့ အသိမိတ်ဆွေတေနဲ့ လုပ်ဖော်ကိုင်ဖက်တွေများလွန်းတာကြောင့် မိုးချုပ်ခါနီးမှ အရှင်းပြီးသွားတယ်....
"ကိုကို ကျန့်ကျန့်ပင်ပန်းလိုက်လာ အရမ်းအရစ်ရှည်ကြတာပဲ"
"အင်းပါ ရေသွားချိုးလိုက်"
"ကိုကိုချိုးပေးတော့"
"ဟုတ်ပါပြီ"
နှစ်ယောက်သားရေချိုးရင်နဲ့ပင် တစ်နေကုန်ပင်ပန်းတာကြောင့် အိပ်ငိုက်လာတယ်...
ဒါနဲ့ပဲ ရေချိုးတာရပ်လိုက်ပြီး ညအိပ်အကျီအဖြူဝမ်းဆက်ဆင်တူလေးတွေဝတ်ပြီး ယုန်ပေါက်လေးကိုရင်ခွင်ထဲထည့်ကာ နှစ်ခြိုက်စွာအိပ်ပျော်သွားကြသည်....
------
ရေချိုးပြီး အိပ်လိုက်တာကြောင့်မနက်အိပ်ရာနိုးတဲ့အခါ လန်းဆန်းလို့နေတယ်..ဒီတစ်ခါရှောင်ကျန့်က အရင်နိုးနေတာဖြစ်ပြီး ရိပေါ်ရဲ့ ရင်ဘက်ပေါ်ဖွဖွလေးအုံ့မိုးကာ နှာခေါင်းလေးတွေ မျက်လုံးလေးတွေကိုလက်ညိုးလေးနဲ့ လျှောက်ပွတ်နေလိုက်တယ်..ထိုစဉ်ရိပေါ်က
"အဲ့လောက်သဘောကျလား"
"အာ...နိုးနေပြီလား"
ရိပေါ်က အပေါ်ကနေအုံ့မိုးလိုက်ပြီး နှာခေါင်းချင်းထိကပ်ကာ..
"ကိုယ့်ကိုသဘောကျလား မေးနေတယ်လေ"
(အော့ မျက်နှာလဲမသစ်ဘူးရွံထာ)
"အရမ်း ချစ်တာမသိဘူးလား"
"ကိုယ်ကပိုချစ်တယ် ပြွတ် "
ညကြရင် ပွဲတစ်ခုသွားစရာရှိတယ် အဲ့တာက clubတစ်ခုမှာ အမှောင်လောကသားတွေတော်တော်များများပါမယ်...
(ရှင်တို့လို အမှောင်သရဲတွေကိုပြောတာမဟုတ်ဘူးနော် ဒုစရိုက် ခေါင်းဆောင်တွေကိုပြောတာ😂)
"လုပ်ပြန်ပြီ ရှုပ်ရှုပ်ရှက်ရှက် မလိုက်ချင်ပါဘူး"
"အဲ့ဒီကိုရောက်ရင် မိန်းကလေးတွေကအရမ်းကပ်ကြတာ အဲ့တာကြောင့်ကိုယ်ကပိုင်‌ရှင်လေးကိုခေါ်သွားချင်လို့"
"ဟွန်း ကျန့်ကျန့်အပိုင်ကိုလာထိရဲထိကြည့်"
-------
ဖိတ်ထားတဲ့ကလပ်ကို အပြာနဲ့အနက်ရောထားတဲ့ suitဆင်တူလေးတွေဝတ်ကာတတ်ရောက်လာကြတယ်...အထဲမှာမီးရောင်စုံတွေတဖျက်ဖျက်ပေါ့ ရိပေါ်ပြောတဲ့ အမှောင်လောကသားတွေထဲမှာ ရဲမှူးကြီးတွေပါ ရှိနေတော့ရှောင်ကျန့်အံ့ဩနေရသည်..
"ကျန့်ကျန့်ဒီမှာထိုင်နော် ခလေးပဲ ကိုကိုအလုပ်ကိစ္စရှိလို့"
ထိုပွဲကိုတတ်ရောက်လာသူများတွင် ဒုစရိုက်ခေါင်းဆောက်တစ်ဦးဖြစ်တဲ့ချောင်ဝမ်ရဲ့ အငယ်အနှောင်းဖြစ်နေတဲ့ ရှောင်ကျန့်ရဲ့မိထွေးပါ ပါဝင်သည်....
သူကအငယ်နှောင်ဖြစ်လို့ ဒီလိုမှောင်ခိုပွဲတွေပဲလိုက်ခွင့်ရှိတာ တကယ့်ဂုဏ်ရှိတဲ့ပွဲမျိုးဆိုမယားကြီးနဲ့ပဲတတ်သည်...သူမကထောင့်နားကစားပွဲဝိုင်းလေး မှာတစ်ယောက်ထဲထိုင်နေတဲ့ရှောင်ကျန့်ဆီအကြည့်ရောက်သွားပြီး..
"အဟက် ဒီလိုနေရာတွေမှာတောင် တွေ့လာရပြီပဲ တစ်အိမ်လုံးရဲ့ကယ်တင်ရှင်လေးပေါ့ နောက်လုပ်မစားနိုင်တော့ အောင်နင့်အပေါက်ကိုစုတ်ပျက်သတ်သွားအောင်လုပ်ပစ်မယ်....
ဗလခပ်ကြီးကြီး လူကြမ်း၃ယောက်ကိုခေါ်ကာ ..
"ဟိုမှာတွေ့လား အဲ့ကောင်လေးကိုဒီညစုတ်ပျက်သတ်အောင်လုပ်ပေး နင်တို့လိုချင်သလောက်ပေးမယ်"
"ဖြစ်ပါ့မလား သခင်မလေး ဒီပွဲကိုတတ်တဲ့သူတွေက အကောင်မသေးလှဘူး"
"အဲ့ကောင်လေးက ဒီမှာအကောင်လာရှာတာ ဘာကောင်မှမဟုတ်ဘူး စိတ်ချလိုက်"
ရှောင်ကျန့် ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေစဉ် မိန်းကလေးတစ်ယောက်မှ ဝိုင်ခွက်လေးတစ်ခွက်လာချသွားသည်။
"ပျော်ရွှင်ပါစေ အစ်ကို"
ရှောင်ကျန့်လဲ အရောင်မျိုးစုံရောထားတဲ့ဝိုင်လေးတွေကို တအံ့တဩဖြစ်ကာ မွှေးကြည့်လိုက်တော့ သောက်ချင်စိတ်လည်းတအားပေါ်လာသဖြင့် သောက်ချပစ်လိုက်ရာ....
ခဏကြာတော့ ရင်တွေပူလောင်လာသည်..ထိုစဉ်
"တစ်ခုခုလိုနေလားကောင်လေး"
သူကြမ်းကြီး၃ယောက်က ရှောင်ကျန့်ကိုတစ်ဖက်စီဆွဲခေါ်သွားကြသည်..ဒါကိုမြင်လိုက်တဲ့တစ်ယောက်က....
"အစ်ကို အစ်ကိုကဟိုတစ်လောကလက်ထပ်လိုက်တဲ့ Wang သူဌေးမဟုတ်လား"
"အစ်ကိုနဲ့ အကျီဆင်တူဝတ်ထားတာ အစ်ကို့အမျိုးသားလား"
"ဘာဖြစ်လို့လဲ "
"သူ့ကိုလူသုံးယောက်ဆွဲခေါ်သွားတယ် အနောက်ဖက်ကို ..သူ့ကြည့်ရတာအားနည်းနေပုံပဲ"
"တောက်!ရာ ရာ စ စ"
ရိပေါ်အမြန်လိုက်သွားလိုက်သည်..
-----
အနောက်ဖေးလမ်းကြားတွင်
"ကောင်လေး မင်းဘာလိုနေလဲအစ်ကိုတို့သိတယ် မင်ူဆန္နတွေကိုဖြည့်ဆည်းပေးမလို့ရောက်လာတာ"
"ဖယ်....ဖယ်...မထိနဲ့ ငါ့ကို"
ရှောင်ကျန့် အားပျက်ကာ မြေပြင်ပေါ်မှာပတ်လက်လန်ပြီး ကြောက်အားလန့်အား တွန်းထုတ်လို့နေသည်...
*ကိုကို ကယ်ပါဦး*
ရှောင်ကျန့်ရဲ့အပေါ်အကျီတွေကိုဆွဲချွတ်ပစ်လိုက်ကာ အတွင်းကအကျီကိုပါထပ်ချွတ်ဖို့ပြင်လိုက်တော့...
"တောင်း တောင်း ပန်ပါတယ် ပိုက်ဆံ ပေးပါမယ်"
"ငါတို့နဲ့ပဲတစ်ည နေပေးပါ ဟား ဟား ဟား အ့ ခွပ် ခွပ် ခွပ်"
"ဘယ်သူ့ကိုလာထိတာလဲ ဟမ် "
အနောက်ကနေ ရဲအရာရှိနဲ့ တခြားသူဌေးအချို့ပါ ရောက်လာကြတယ်...
ရိပေါ် အသင့်ပါလာတဲ့ ခါးကဓားကိုဆွဲထုတ်ပြီး ရှောင်ကျန့်ကိုထိနေသည့် အကောင်ကို တဇွပ်ဇွပ် အချက်ပေါင်းများစွာ ဓားနဲ့ထိုးချလိုက်သည်..
"ကိုကို တော် တော် ပါတော့ ကျန့် ကိုအိမ်ခေါ်သွား ပါတော့ ကျန့်မနေ နိုင်တော့ဘူး"
တွန့်လိမ်နေတဲ့ယုန်ပေါက်ကိုချီလျှက် သူ့တပည့်များကို ရှင်းလိုက်ဆိုတဲ့အမူယာမျက်စပစ်ကာ ကားဆီးဦးတည်သွားလိုက်သည်...
"ဘယ်သူ့ လက်ချက်လဲ ဝမ်ရိပေါ်ရဲ့အမျိုးသားကိုဘယ်သူထိရဲတာလဲ မိရင်တော့သေပြီပဲ"
"တော်တော်ရဲတာပဲ ရိပေါ်ရဲ့အမျိုးသားမပြောနဲ့ ဒီပွဲကိုတတ်တဲ့ဘယ်သူကိုမှထိလို့မရဘူးဆိုတာ ဒီလူတွေမသိဘူးထင်တယ်"
ပွဲမှ တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးနေကြခြင်းဖြစ်သည်..
---
တို့က ရီလင်းလောင်ဇူရဲ့ မိန်းမ ရီလင်းလောင်ပြာ..

Wang's Xiao🔞(Complete)Where stories live. Discover now