Part-23

3.4K 162 0
                                    

Unicode

ဖြူဖွေးနေတဲ့မွေ့ယာပေါ်မှာ အဖြူရောင် တီရှပ်လက်ရှည်ကလေးဝတ်ထားကာကျောမှာခေါင်းအုံးလေးခုပြီး စောင်လေးကိုဗိုက်ပေါ်ထိခြုံလျှက် ထိုင်နေတဲ့ ယုန်လေးဘေးမှာထိုနည်းတူ ခြေထောက်နှစ်ချောင်းစင်းကာချိတ်ပြီးထိုင်နေတဲ့ရိပေါ်...ရိပေါ်က တီရှပ်လေးကိုလက်ခေါက်တင်ကာ ကြယ်သီးလေးလုံးလောက်ဖြုတ်ထားတော့ ရှောင်ကျန့်တဖြုတ်ဖြုတ်ကြွေနေတယ်....
"Boss ရှောင်သခင်လေးကိုလုပ်ကြံတဲ့သူကိုခေါ်လာရမလား"
"ခေါ်ခဲ့လိုက်"
မေဟွားကို အခန်းထဲသွင်းလိုက်ပြီး ကုတင်ခြေရင်းမှာ ဒူးထောက်ထိုင်စေလိုက်ကာ..ရိပေါ်ကရှောင်ကျန့်ရဲ့ခေါင်းလေးကိုပွတ်ရင်း...
"မင်း ဘယ်သူ့ကိုလာထိတာလဲသိလား"
"ကျွန် ကျွန်မတကယ်မသိလို့ပါတောင်းပန်ပါတယ်"
"သဲလေး သူ့ကိုဘယ်လိုလုပ်ချင်လဲ"
အရင်က နေမကောင်းတဲ့ဖခင်ကိုပြုစုရတာကိုအကြောင်းပြပြီး မောင်နှမနှစ်ယောက်လုံးကိုပြသနာအမျိုးမျိုးရှာ...ဖအေလုပ်သူကိုထမင်းအငက်ထားတာတွေ...ဖအေရဲ့အသက်အန္တာရာယ်ကိုရန်ရှာမှာစိုးလို့ မောင်နှမနှစ်ယောက်လုံးဒုက္ခဆင်းရဲခံကာ သည်းခံခဲ့ရတယ်..ဒါအပြင် သူ့ကိုပါရောင်းရတာအားမရလို့ ပျက်ဆီးအောင်တောင်လုပ်ဖို့ကြံစည်တဲ့သူ..ဘယ်လိုအပြစ်ပေးရမှာလဲ...သေဖို့တောင်မတန်တဲ့လူစားမျိုးကို..
"ရှောင်ကျန့် မေမေလေးတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ"
"ကိုကို သူ့ကိုဒီအတိုင်းလွှတ်ထားလိုက်ပါ"
"ဒါပဲလား"
"ကိုယ်ကတော့ ကျန့်ကျန့်ကိုထိတဲ့သူဘယ်သူ့ကိုမှအလွှတ်မပေးဘူး"
"ထားလိုက်ပါ ကိုကိုရာယ် ကျန့်ကျန့်၀ဋ်လည်မှာကြောက်တယ်"
"အရင်က ကြောက်အောင်လုပ်မိလို့တောင်ပန်ပါတယ် ပြွတ်"
"ဒီမှာ မင်းကိုကျန့်ကျန့်နားမှာထပ်တွေ့ရင် ငါကိုယ်တိုင်သတ်ပစ်မယ်"
"ဟုတ် ဟုတ် ကျေးဇူးတင်ပါတယ် သူဌေးဝမ်"
ရိပေါ်ကလွှတ်ပေးလိုက်ပေမယ့် သူမကြောင့်သူ့လူတစ်ယောက်အသက်ဆုံးရှုံးခဲ့တာကြောင့် လက်စသတ်ပစ်လိုက်သည်..
-------
တစ်ပတ်လောက်နားလိုက်တော့ ရှောင်ကျန့် သက်သာလာပြီး ရစ်တဲ့လုပ်ငန်းတွေပြန်စတင်လာတယ်...
ရိပေါ်အလုပ် လုပ်နေတဲ့ရုံးခန်းထဲထိ လာပူဆာနေခြင်းဖြစ်သည်..
"ကိုကို"
"အင်း ပေါင်းပေါင်းပြော"
"ခရီးထွက်မယ် လေ ခုထိhoney moon မထွက်ရသေးဘူး"
"ပေါင်းပေါင်းက ခုမှနေကောင်းတာလေ"
"အင်း ပေါင်းပေါင်း ကမ်းခြေသွားချင်လို့"
"နောက်လမှ ကိုကိုအားမှာ"
"အမ်းးးမရဘူး ခုပဲ ခုပဲ ဟွန့် ကိုကိုတကယ်မချစ်ဘူး"
လက်ကလေးပိုက်ကာ တစ်ဖက်လှည့်သွားတဲ့ရှောင်ကျန့်ကို ကြည့်ပြီး ပြုံးကာ..
"ဒါဆိုနောက်တစ်ပတ်တော့ လုပ်နော်"
"အင်း ကိုကို့ကိုချစ်လို့အလျှော့ပေးလိုက်မယ်"
"အဆိုးလေး"
"ချချ"
-----
အဆိုးလေးစိတ်တိုင်းကျ ကမ်းခြေကိုသွားလိုက်တယ်....
"အုန်းရေသောက်မယ် ကိုကို"
"...."
"ကိုကို ဘောကွင်းစီးမယ်"
"....."
"ကိုကိုဂဏန်းစားမယ်"
"......"
"ကိုကို လှေစီးမယ်"
"...."
"ပုံလှလှလေးရိုက်ပေးကိုကို"
ရိပေါ်ဘာမှမပြောပဲ အဆိုးလေးအလိုကျဖြည့်ဆည်းပေးတယ်..ညရောက်လာတော့..
"ကိုကို ကမ်းခြေမှာတဲလေးထိုးပြီး ကြယ်တွေကြည့်ရအောင်"
ရှောင်ကျန့်ပြောတဲ့အတိုင်း သောင်ပြင်မှာတဲလေးထိုးကာ‌ေရှာင့်ကျန့်က ရိပေါ်ပုခုံးလေးကိုမှီပြီး ကြယ်တွေကိုကြည့်သည်..
"ကိုကို ကျန့်ကျန့်ကိုဘယ်လောက်ချစ်လဲဟင်"
"ဟင် ဘာလို့မေးတာလဲ"
"ကျန့်ကျန့် ကိုကို့ကိုအရမ်းချစ်လို့"
"ကိုကိုက ပိုတောင်ပိုသေးတယ်"
ရှောင်ကျန့်မေးစိလေးကိုဆွဲကာ အမြတ်တနိုးနမ်းလိုက်သည်....
လေအေးလေးတွေကတဖြူးဖြူး
ရေလှိုင်းလေးတွေက တငြိမ့်ငြိမ့်
တဲ့ကလေးကလဲ တသိမ့်သိမ့် လှုပ်ရမ်းနေတယ့်ထိုညလေး......
-----
ဘာလိုလိုနဲ့ နောက်ဆုံးစာမေးပွဲဖြေမယ့်ရက်ကိုတောင်ရောက်လာပြီ
"ကျန့်ကျန့်လေး နိုးပြီလား ဒေါ်ကြီးမနက်စာပြင်ထားတယ် "
"ကိုကို ဘယ်ချိန်ကတည်းကသွားတာလဲ"
"မနက်အစော ဖုန်းဝင်လာတာနဲ့ကမန်းကတန်းသွားတာပဲ ကျန့်ကျန့်စာမေးပွဲရှိတယ်မှတ်လား ဒီနှစ်ပြီးနောက်နှစ်ဆိုဘွဲ့တောင်ရတော့မယ် အခုအားရှိတာတွေလာစားတော့"
"ဟာ နွားနို့ကြီးမသောက်ဘူး"
"ကျန့်ကျန့်မသောက်ရင် ‌ဒေါ်ကြီးဆူခံရမှာ လိမ္မာပါတယ်"
"အင်း သောက်လိုက်ပါမယ်လေ..ဝေါ့"
(ဗိုက်ကြီးပီဆိုတာ ကြိုသိနေကြတယ်မလား)
"ကျန့်ကျန့်လေးရရဲ့လား"
"ရတယ် စာမေးပွဲဖြေရမှာမို့လို့သွားတော့မယ်"
ရှောင်ကျန့်စာမေးပွဲဖြေပြီးတာနဲ့ ရိပေါ်ဆီကိုဝင်လာလိုက်တယ်..
"ပေါင်းပေါင်း ပြန်လာပြီလား လာပါဦး ဖြေနိုင်ရဲ့လား"
ရိပေါ်ကသူ့ပေါင်ပေါ်မှာထိုင်စေလိုက်တယ်..
"ဟော့ပေါ့ချဉ်စပ်လေးစားချင်တယ်"
"ကိုကို အခုပဲလိုက်ကျွေးမယ် လာ"
အနီးနားကဟော့ပေါ့ဆိုင်ကို သွားလိုက်ပြီး ဟော့ပေါ့အိုးရောက်လာတာနဲ့ ရှောင်ကျန့် အငမ်းမရ စားသည်...
"ပေါင်းပေါင်း ဖြည်းဖြည်းစား...ရော့အမဲသားလေးအားရှိတယ်"
အမဲသားကိုပါးစပ်နားတေ့ပေးလိုက်တော့...
"ဝေါ့ ဝေါ့"
ခုဏကစားပြီးသားတွေပါပြန်အန်ထွက်ကုန်သည်.
"စာပွဲထိုး လာစမ်း မင်းတို့ အရည်ထဲကဓာတ်မတည့်တာတွေပါတယ်"
"ဟိုတောင်းပန်ပါတယ် ဆရာလေးကဘာနဲ့ဓာတ်မတည့်တာလဲမသိဘူး"
ရှောင်ကျန့်က သက်သာတဲ့ပုံမပေါက်သဖြင့် ထပ်မပြောတော့ဘဲ ဆေးရုံကိုသာသွားလိုက်သည်..
"လူနာရှင်"
"ဟုတ် ဆ ဆရာ ဘယ်လိုဖြစ်တာလဲ သူ့ကိာရအောင်ကုပေးပါဆရာ ကျွန်တော်တောင်ူပန်ပါတယ်"
စိုးရိမ်လွန်ကာ တုန်ယင်နေတဲ့ရိပေါ်ကိုကြည့်ပြီး..
"စိတ်မပူနဲ့ လူနာကကိုယ်ဝန်ရှိနေလို့ပါ"
"ကိုယ် ကိုယ်ဝန်"
ဆရာဝန်ကရိပေါ်ကိုသေသေချာချာရှင်းပြကာ ဆောင်ရန်ရှောင်ရန်အချက်များမှာလေသည်..

Wang's Xiao🔞(Complete)Where stories live. Discover now