Part-13

3.7K 200 0
                                    

Unicode

"ရိပေါ် surprise ....ဟမ် ဟျောင့်ဘာဖြစ်နေတာလဲ ငါလာတာမပျော်ဘူးလား"
"ပျော်စရာဘာရှိလို့လဲ့ကွာမင်းကငါ့ရည်းစားလဲမဟုတ်ပဲနဲ...ဒါနဲ့ ထျန်ကျဲပြန်ရောက်လာတယ်"
"မင်းဆီကိုလား"
"အင်း အခုငါ့ဆီမှာအလုပ်ဝင်နေတယ်"
"ဘာ ပြန်ပေါင်းထုတ်နေတာလားမင်းက ရှောင်ကျန့်ရော"
"ပြန်သွားပြီ"
"ရှောင်ကျန့်ရောအဆင်ပြေရဲ့လား ငါသူ့ကိုအိမ်မှာမတွေ့ခဲ့ဘူး"
" မင်းတို့ရှောင်ကျန့်ကိုတော်တော် စိတ်ပူနေကြပါလား ငါဘာမှမလုပ်ဘူး သူ့ဘာသာထွက်သွားတာ ပြီးတော့မင်းကသူ့အိမ်ဘာသွားလုပ်တာလဲ"
"ဟီး ..သူ့အစ်မကိုသဘောကျနေတာ သူကလဲငါ့ကိုစိတ်ဝင်စားတဲ့ပုံပဲ ဟိဟိ"
"..ဟင်ဟှောင့် ဒါမင်းဝယ်ထားတာလားရိပေါ်"
လီယမ်ကစားပွဲပေါ်ကဘူးလေးကိုယူကြည့်ကာပြောလိုက်သည်။
"မဟုတ်ဘူး"
"ရှောင်ကျန့်ဟာတော့မဟုတ်လောက်ဘူး ဘယ်ကရတာလဲ"
"စားချင်ရင်စားလေ သူများဟာ"
"ချီး...ငါဒါစားပြီးမင်းကိုတတ်လုပ်ရမှာလား"
"ဘာ..ဘာကြီး"
"ဒါလိင်စိတ်ကြွဆေးလေ မင်းဒါတောင်မသိဘဲအိမ်ထဲဘယ်လိုရောက်နေတာလဲ ဒီဟာက ငါတောင်ဟိုတလောကသူငယ်ချင်းတစ်ယောက်ပြလို့မြင်ဖူးတာ သူပြတဲ့ဟာက လိမ္မော်"
"မင်း ကျဲနဲ့ဘာလို့လမ်းခွဲခဲ့တာလဲ "
"အရင်ကမမေးပဲ ဘာလို့ခုမှလာမေးတာလဲ ငါက အင်နိုးစန့်လေးတွေပဲသဘောကျတာ"
"ကျဲကအေးပါတယ်"
"ဟုတ်လား အေးအေး ငါမပြောပြတော့ဘူး တစ်ခုတော့သတိပေးလိုက်မယ် သူကျွေးတဲ့ဟာတွေမစားနဲ့ ငါတောင်ခုထိလူပျိုလေးဖြစ်နေတာ သူကျွေးတာတွေကိုရှောင်ခဲ့လို့"
"လီယမ် မင်း..."
*သူက ကျဲကိုဘယ်လိုသဘောမျိုးပြောသွားတာလဲ ကျဲဆီမှာဘာလို့ဒီဆေးကရှိနေတာလဲ ဒါဆိုဟိုနေ့က ကျန့်ကျန့်ကော်ဖီခွက်မှောက်ချလိုက်တာဒါကြောင့်လား ငါမှားပြီထင်တယ် အခုကျန့်ကျန့်ဘာတွေလုပ်နေမလဲ ငါ့ကိုအကြွေးဆပ်ဖို့ ဘယ်နယောက်လောက်နဲ့သွားအိပ်ခဲ့ရတာလဲ အားရှစ်..*
ရိပေါ်ရှောင်ကျန့်ရဲ့အိမ်ကိုဦးတည်လိုက်သည်။
တီတောင်..
"‌ရှောင်ကျန့်ရှိလား"
"မရှိဘူး ရှင်ခေါ်သွားတာမဟုတ်လားကျွန်မရဲ့မောင်လေး...."
ကျဲစကားမဆုံးသေးခင်ဝမ်ရိပေါ် ပြေးထွက်သွားကာ နေရာအနှံ့လိုက်ရှာတယ် အထူးသဖြင့် gay barတွေ...နောင်ဆုံးမတွေ့တဲ့အခါကျတော့ ခြေကုန်လက်ပန်းကျကာ အိမ်သို့ပြန်လာပြီး ဧည့်ခန်းမှာထိုင်ကာ လူကတစ်ကိုယ်လုံးတုန်ယင်ကာမျက်နှာတွေလည်း နီရဲတတ်လာတယ်...
"B..boss အဆင်ပြေရဲ့လား"
"သွားကြကွာ တောက်"
ခဏလောက်စိတ်ကြည်အောင်လုပ်ပြီး ရှောင်ကျန့်ရဲ့ဖုန်းနဲ့ ipadကိုစစ်ကြည့်တယ်သဲလွန်စများရမလားလို့.....
ဖုန်းထဲကိုစစ်ကြည့်‌တော့ contectမှာသူတစ်ယောက်ထဲ ipadထဲကြည့်တော့လဲ သူ့ပုံတွေပဲဆွဲထားတာတွေ့ရတော့ ..ခေါင်းကိုမိုးကြိုးပစ်ချခံရသလို ရင်တွေလည်းပူလောင်လာကာ လက်နှစ်ဖက်ကိုမျက်နှာအုပ်ပြီး ချုပ်တီးထားတဲ့ကြားက မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတယ်...
"ကိုယ်တောင်းပန်ပါတယ် ဘယ်မှာလဲကျန့်ကျန့် ကိုယ်ရူးတော့မယ်"
ညကြီးအချိန်မတော် အခန်းထဲမှာသောင်းကျန့်နေတဲ့Boss ဘာတွေဖြစ်နေလဲဆိုကိုတော့ အလုပ်သမားတွေအားလုံးက‌ေတာ့သ‌ေဘာ‌ေပါက်ကြတယ်...
-----
ရိပေါ်အိမ်ကိုရောက်လာတော့ ရှောင်ကျန့်ကအခန်းထဲမှာရှိတယ် အမကိုလိမ်ခိုင်းပြီးသူကတော့ ကြိတ်ပြီးတော့သာငိုနေတယ်..
"အားကျန့် အဆင်ပြေရဲ့လား ပြန်သွားပြီ"
"ရတယ်မမ "
"ငိုချင်ရင်ငိုလိုက်ပါ အားကျန့်ရာယ်"
"အီး ဟီး မမ ကျွန်တော် ရိပေါ်ကိုချစ်တယ် အီးဟီး"
"အင်းပါ  ဒါပေမယ့် ခုနေရှောင်နေတာကောင်းတယ် သူ့အရှုပ်တွေရှင်းပါစေဦး ဒီလိုရှုပ်နေရင်အားကျန့်တစ်သက်လုံးစိတ်ဆင်းရဲရမှာ မနက်ဖြန်ကျဲတို့ဈေးဝယ်ထွက်ရအောင်ညအားကျန့်ကိုဖုန်းဝယ်ပေးမယ်"
"အီး ဟင့် ဟင့်"
---
ရှောင်ပါးက ဝှီးချဲလေးဖြင့် လုပ်ငန်းတွေကိုပြန်ပြီးစတင်နေပြီဖြစ်ကာ အစကတည်းက ကျွမ်းကျင်သူဖြစ်တာကြောင့်တစ်လအတွင်း စီးပွားရေးမှာ နလန်ပြန်ထလာနိုင်တယ်..
----
ရိပေါ်တစ်ညလုံးငိုပြီး ဆိုဖာပေါ်မှာ အိပ်ပျော်သွားကာ မနက်ကြတော့တစ်ကိုယ်လုံးနာပြီးကိုက်ခဲနေတယ် ရေခဲသေတ္တာကိုဖွင့်ကာရေယူသောက်ရင်း မနေကအဒေါ်ကြီးမဖွင့်ဖို့ပြောထားတဲ့ဘူးကိုထုတ်လိုက်တော့ အဒေါ်ကြီးကလှမ်းကြည့်တယ်..
"လာကြည့်မနေနဲ့ သူပြန်မလာတော့ဘူး"
ရိပေါ် ဘူးလေးကိုဖွင့်ကြည့်လိုက်တော့ မညီမညာအသဲပုံလေးပေါ်မှာ စာတန်းလေး.
!ကိုကိုရေစိတ်ဆိုးပြေပါတော့!
"........."
အဒေါ်ကြီးရှိတာတောင်ဟန်မဆောင်နိုင်ပဲ ထိုနေရာမှာပဲထိုင်ကာငိုချလိုက်မိတယ်.
"အ့ ကိုယ်မှားပါတယ်ကွာ မှားပါတယ် အီး ဟီး"..
ရိပေါ်အကြာကြီးငိုမနေတော့ပဲ ရေမိုးချိုးကာ ကုမဏ္ဏီကိုသွားလိုက်တယ် ..ဟိုရောက်တော့ထုံးစံအတိုင်း ထျန်လီကကော်ဖီဖျော်ထားတယ်...
"ဖန်ဖန် လာဦး"
"ဟုတ် boss"
"ကော်ဖီဖျော်ခဲ့"
"ရိပေါ် ကျဲဖျော်ထားပြီးပြီ"
"ပြောနေတာမကြားဘူးလား"
ကြောင်ကြည့်နေတဲ့ဖေးဖေးကိုရိပေါ်အော်လိုက်‌ေတာ့ ဖန်းဖန်းလဲ ထျန်းလီကိုကြည့်ကာ ခနဲ့ပြုံးပြုံးကာထွက်သွားတယ်..
*တောက်*
"ကျဲ ကိုယ့်အလုပ်ကိုလုပ်ပါ "
"ကျဲကအားတဲ့အချိန်လေးလုပ်ပေးတာပါ"
"ကျွန်တော်သတိပေးလိုက်မယ် ထျန်လီလီကျွန်တော့်အတွင်းရေးမှူးလုပ်ရမယ့်ကိစ္စတွေဝင်မပါ ပါနဲ့နားမထောင်ရင် ကျွန်တော်အလုပ်ထုတ်ပစ်ရလိမ့်မယ်
"ဟုတ် ဟုတ်ကဲ့"

Wang's Xiao🔞(Complete)Where stories live. Discover now