*157* မှန်မှန်ပြောစမ်းပါ

7.5K 1.4K 114
                                    

ရုန်ယိခန္ဓာကိုယ်က ပျော်မြူးစွာနဲ့
"မင်းတို့ နှောင်ဖွဲ့မြက်ပင်တွေကို ချော့မြူနေတုန်း ငါက သူတို့သတိမပြုမိခင် သူတို့ကလေးကို ခေါ်လာတာလေ"

ကိုယ်ရံတော်များ "......"

ဒါကို ခိုးလာတယ်လို့ ပြောသင့်တယ်မလား..

ရုန်ယိက သူ့ခေါင်းနောက်လေးကို ပုတ်ပေးလိုက်ပြီး
"မင်းကတော့ ဒီအတောအတွင်း သူခိုးတစ်ယောက်လုပ်ရတာကို အတော်လေးကိုစွဲလမ်းနေတာဘဲ.. မင်း ဒီလိုမျိုးသာ ဆက်လုပ်နေမယ်ဆိုရင် အကျင့်ဆိုးတွေပါသွားတော့မှာဘဲ"

သူ သူ့ခန္ဓာကိုယ်ထဲပြန်ရောက်သွားတဲ့အချိန် သူပါ ဒီအကျင့်ဆိုးတွေ ကူးစက်ခံရမှာ ရုန်ယိစိုးရိမ်နေမိ၏။

"အင်း.. ငါတစ်ကယ့်ကို အကျင့်ဖြစ်နေပြီ"
ရုန်ယိခန္ဓာကိုယ်က ရုန်ယိတစ်ယောက်တည်းကြားရုံအသံနဲ့ ပြောလာသည်။
"အမှန်တော့ ဒါကိုခေါ်လာတာ ငါတို့ ကောင်းဖို့အတွက်ဘဲ.. မင်းလည်းတွေ့တဲ့အတိုင်းဘဲ.. ယင်ဖုန်းတို့ဆိုရင် သူတို့အပေါင်းအဖော်တွေရဲ့လွှမ်းမိုးမှုကြောင့် လူတွေကို လုံးဝကိုမုန်းတီးနေကြတာ.. အခုလောလောဆယ် သူက မင်းအမိန့်ကိုနာခံနေတာတောင်မှ သူ့စိတ်ရင်းကတော့သိပ်မပါသေးတဲ့အပြင် သူ့ရဲ့ လူတွေကိုမုန်းတီးနေတဲ့ စိတ်ကြီးကို ဖယ်ရှားပစ်ဖို့ဆိုတာကလည်း အရမ်းခက်ခဲတယ်လေ.. ဒါပေမဲ့ ငါ့လက်ထဲက မိစ္ဆာကလေးလေးကတော့ မတူဘူး.. သူသာ ဒီလောက်ငယ်သေးတဲ့အရွယ်လေးကနေ လူတစ်ယောက် ပြုစုပျိုးထောင်ပေးတာခံခဲ့ရရင် သူက သေချာပေါက်ကို ဒုတိယကျန်းမု ဖြစ်လာမှာဘဲ"

"အကြံကောင်းဘဲ"
ရုန်ယိလည်း ဒါက တစ်ကယ့်အကြံကောင်းလို့ ခံစားလိုက်ရသည်။
"ငါတို့ပြန်ရောက်မှ သူ့ကို စိုက်ကြတာပေါ့"

ကိုယ်ရံတော်များ "......"

သူက သခင်လေးရှောင်ရုန်ကို ကလေးကို ပြန်ပေးဖို့ အကြံပေးသင့်တာမဟုတ်ဘူးလား...

ရုန်ယိခန္ဓာကိုယ်က
"စိုက်စရာမလိုတော့ဘူး.. သူက ဒီမှာ နှစ်ပေါင်းများစွာ နေလာပြီး စွမ်းအားတွေအများအပြားလည်း စုပ်ယူထားခဲ့တာမလို့ အသွင်ပြောင်းလဲမှုအဆင့်ကိုတောင် ရောက်ပြီးနေပြီ.. ဒီအတိုင်း သူက အရမ်းငယ်လွန်းနေသေးတာကြောင့်သာ သူ့ရဲ့လူပုံစံကို အချိန်အကြာကြီး ထိန်းမထားနိုင်သေးဘဲ သူ့ရဲ့ အစေ့ပုံစံလေးကို ထပ်ပြီးပြောင်းထားရတာ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now