𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿 ▍𝗣𝗿𝗼𝗹𝗼𝗴𝘂𝗲 ❮𝗨𝗻𝗶𝗰𝗼𝗱𝗲❯

1.1K 76 10
                                    

အဲ့ဒီ ကလေးက ပြောတယ်။

"ကျွန်တော်က ရိုးရှင်းတဲ့ အလှတရားတွေကို ကြိုက်တယ်" ဆိုပြီး...။

ပြီးတော့ သူက ထပ်ပြောပြန်တယ်။

"Hyung က ရိုးရိုးရှင်းရှင်းနဲ့ အချောဆုံးပဲ" တဲ့။

ငတုံးတစ်ယောက်လို အူလည်လည် Lee Heeseung က ထိုစကားတို့ရဲ့ အနက်အဓိပ္ပါယ်ကို တစ်ချက်ကလေးတောင် ဆက်စပ်ကြည့်ဖို့ အသိ မရှိခဲ့ဘူး။

ထို့ကြောင့် ရူးမိုက်စွာပဲ ထိုကလေးနှင့် ဖက်လဲတကင်း ဆက်နေပစ်ခဲ့တယ်။

သိုသော် တစ်နေ့...။

သူ့ဘ၀ထဲ ကိစ္စပေါင်းများစွာက တရိပ်ရိပ်နဲ့ ဇောက်ထိုးမိုးမျှော်ဖြစ်လာချိန် တစ်ချက် မှားယွင်းခဲ့တဲ့ ခြေတစ်လှမ်းကြောင့် အဲ့ဒီကလေးက အနားမှာ ရှ်ိမနေတော့ဘူး။

ပြန်လိုချင်တဲ့ အရိပ်ကလေးကို တမ်းတမိတော့ အနားမှာ မိန်းကလေးတစ်ယောက်နှင့်...။

သူက ရိုးရှင်းတဲ့ အလှတရားတွေကို ကြိုက်တယ်။

ပြီးတော့ သူမကလည်း ရိုးရှင်းစွာ အဖြူရောင် ဂါ၀န်ကလေးနဲ့ လှပနေလေရဲ့...။

-ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈┈┈┈

𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿  ▍𝗡𝗶𝗸𝗦𝗲𝘂𝗻𝗴Where stories live. Discover now