𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿 ▍𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜 ❮𝗨𝗻𝗶𝗰𝗼𝗱𝗲❯

524 64 39
                                    

Nishimura Riki ။ တစ်နည်းအားဖြင့် Heeseung ရဲ့ အခေါ်အဝေါ်အရဆို Chulsoo ။

ထိုကလေးဟာ Heeseung တို့ ဘေးအိမ်က ဂျပန်ကောင်လေးဖြစ်ပြီး သူ အသက် ၆ နှစ် ၊ Chulsoo ၂ နှစ် လောက်ကတည်းက သူတို့ဟာ အိမ်နီးချင်းတွေ ဖြစ်ခဲ့ကြတယ်။

Heeseung ဟာ တစ်ဦးတည်းသောသား ဖြစ်သည့်တိုင် ကောင်လေးအား အကိုတစ်ယောက်လိုရော ၊ သူငယ်ချင်းတစ်ယောက်လိုရော ၊ တစ်ခါတလေ အဖေတစ်ယောက်လိုပါ အရိပ်တကြည့်တကြည့် စောင့်ရှောက်ပေးခဲ့ပါတယ်။

သို့သော်...။

ထိုကလေးကတော့ သူ့အား ထိုအရာတွေလို မြင်မနေပါဘူးတဲ့။

ဘယ်နေရာကစ လွဲမှားခဲ့လဲ Heeseung မသိပါ။ စဉ်းစားလို့လည်း မရပါ။

သူက ဒီအတိုင်း... ညီအရင်း တစ်ယောက်လို သဘောထားခဲ့တာကို...။

အိမ်နီးချင်းထက်ပို ဂရုစိုက်ပေးခဲ့တာကပဲ ကောင်လေးကို ဖျက်ဆီးသလို ဖြစ်ခဲ့တာလား?

Heeseung ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။

'သူ့ထက် ပိုပြီး Hyung ကို ချစ်ပေးနိုင်တာ မို့လို့ ကျွန်တော့်ကို အစားထိုးပေးလို့ မရဘူးလား Hyung?'

ထိုအရာက သူ အိပ်နေသည် အမှတ်နှင့် ကောင်လေးပြောခဲ့သော စကား။

"ဟင်းး..."

ဒီရက်ပိုင်းက ခက်ခဲတယ်။

အဖေနဲ့ အမေကလည်း ဆက်တိုက် ဆိုသလို ရန်ဖြစ်နေကြပြီး Heeseung က ရည်းစားဖြစ်သူဆီက လမ်းခွဲစကားကိုလည်း စောစီးစွာ ကြားခဲ့ရတယ်။

ဆိုပေမဲ့ ဒါက သူ့ရည်းစားဟောင်း အပြစ်ရယ်လည်း ဟုတ်မနေပါဘူး။

သူကိုယ်တိုင်ရဲ့ အပြုအမူတွေက အေးစက်ခဲ့တာကြောင့် သူ့ကို ထားသွားတာ ဖြစ်သင့်ပါတာထက် ပိုပါရဲ့။

သို့သော် ထိုအမူအကျင့်တွေအပေါ် အားနာမိလား ဆိုရင်တော့ ဟင့်အင်း။

Heeseung ထူးထူးခြားခြား အားနာမနေမိဘူး။

ပြောရရင် ထိုရည်းစားဟောင်းများ ဆိုသည်ကလည်း သူကိုယ်တိုင်ရဲ့ ကြိုးပမ်းမှုကြောင့် ရခဲ့သူများ မဟုတ်။

𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿  ▍𝗡𝗶𝗸𝗦𝗲𝘂𝗻𝗴Where stories live. Discover now