𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿 ▍𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜𝗜𝗜 ❮𝗨𝗻𝗶𝗰𝗼𝗱𝗲❯

236 36 43
                                    

တစ်ညလုံး အတွေးပေါက်ခဲ့သည်နှင့် အိမ်မရောက်ခင် အပြင်မှာ လေလွင့်သမင်တစ်ကောင်လို အိပ်စက်ခဲ့တဲ့ အရှိန်ပေါင်းတော့ Heeseung ဟာ မနက်အထိ ပေါ် မျက်လုံးပွင့်လျက် လှဲခဲ့ရပြီး တစ်ရေးကလေးတောင် မအိပ်ခဲ့ရပါဘူး။

ညိုနေတဲ့ မျက်ကွင်းတွေကို ပွတ်လျက် ခပ်သွက်သွက် ရေချိုး ၊ အ၀တ်အစား လဲပြန်တော့လည်း ယူ၀တ်မိတဲ့ အရာတွေ အကုန်ကလည်း လန်းဆန်းတက်ကြွခြင်းကင်းမဲ့သော အရောင်များသာ။

အညိုရင့်ရောင် ဘောင်းဘီပွပွရယ် ၊ အစိမ်းပုပ်ဘက် သွားသည့် အညိုခပ်ရေးရေးစပ်သော tee shirt ရယ် ၊ ရင်ဘတ်၌ အဖြူရောင် Rhude တံဆိပ်ပါ အညိုရောင်တွင် လည်မှစ လက်ဖျားများအထိ နို့နှစ်ရောင် အပြားတစ်ပြား ပါသော track jecket ပွပွရယ်။

တစ်ချက် သမ်းဝေပြီး ကောက်စွပ်လိုက်တဲ့ ဦးထုပ်ကအစ အညိုဖျော့ဖျော့ဖြစ်နေပြီး တစ်ခုတည်းသော အခြားအရောင်ဆိုလို့ သူ့ကိုယ်ပေါ် စလွယ်သိုင်းထားတဲ့ အနက်ရောင် သားရေ လွယ်အိတ်သာ ရှိပေမယ်။

Major က လူတွေကတော့ ထင်ကြမှာပဲ။

Lee Heeseung က စာတွေ ဘယ်လောက်တောင် ကြိုးစားလို့ လူက ငါးခြောက်ရုပ် ထွက်နေတာ ဘာဘာညာညာ။

သို့သော် ကိုယ့်အဖြစ်ကိုယ် Heeseung တစ်ယောက်သာ သိပေသည်။

နောက်ကျိနေတဲ့ ခေါင်းနဲ့ ကျိန်းစပ်နေတဲ့ မျက်လုံးတို့ ပေါင်းဒုက္ခပေးခဲ့တာ ကြိုက်လှပါချည်ရဲ့ ဆိုတဲ့ Physics တွေကတောင် တစ်နေ့တာအတွက် မုန်းစရာတွေ ဖြစ်လာတဲ့ အထိ။

ကြားထဲ Heeseung အား လောကဓံက ဤမျှလောက် ဒုက္ခပေးနေရလည်း မလုံလောက်သေးခဲ့ပုံပဲ။

သက်ပြင်းသဲ့သဲ့ချရင်း Heeseung က မတ်တတ်ရပ်လျက် သူငယ်ချင်း ဖြစ်ဟန်တူသော ကောင်လေးနှင့် စကားပြောနေသည့် Jay အား မမြင်သလို ကျော်သွားလိုက်သည်။

ဘာကြောင့်ဆို...။

လာကြောင့်ဆို Jay Park က သူ့ကို ဒီနေ့လယ်ကလေးတင် ချစ်ကြောင်း ၊ ကြိုက်ကြောင်း ဖွင့်ပြောခဲ့တယ်။

အိပ်ချင်လွန်းလို့ မှေးစင်းနေတဲ့ မျက်လုံးတွေတောင် ပြူးကျယ်သည်အထိ ၊ အိပ်ပျော်ချင်နေသော ဦးနှောက်တောင် အချက်ပေးသံများ ဆူညံအောင် ထွက်ခဲ့သည်အထိ။

𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿  ▍𝗡𝗶𝗸𝗦𝗲𝘂𝗻𝗴Where stories live. Discover now