𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿 ▍𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜𝗩 ❮𝗭𝗮𝘄𝗴𝘆𝗶❯

82 5 0
                                    

ထိုကလေးရဲ့ သူ့အပေါ်ထားတဲ့ ဒေါသဟာ သက်တမ်းကုန်ရန် တစ်လလောက် လိုသည်ဟု Heeseung က တွက်ချက်ထားခဲ့ပေမဲ့ တကယ့်တကယ်မှာတော့ တစ်ပတ်နှစ်ပတ်အတွင်း ထိုကောင်စုတ်လေးဘက်က သူ့ကို စကားစပြောမယ်လို့ Heeseung ရဲ့ ဟိုးအနက်ရှိုင်းဆုံး တစ်နေရာက ယုံကြည်နေခဲ့တယ်။

သို့သော်...။

တစ်ပတ် ၊ နှစ်ပတ် ၊ သုံးပတ်။

စားပွဲပေါ်၌ စာအုပ်များကြား laptop တစ်လုံးက ပွင့်လျက် အနေအထား။

သို့သော် ဖန်သား မျက်နှာပြင်၌ ပေါ်နေသော စာများက ဂရုစိုက်ခြင်းမခံရစွာ အထီးကျန်ဆန်လျက်။

လေးလံသော သက်ပြင်းချသံ တစ်ချက်က စာကြည့်မီးအိမ်ကလေး၏ အလင်းရောင်သာ ရှိနေသော အခန်း၌ ကျယ်လောင် ကြမ်းတမ်းစွာ ထင်းထွက်သည်။

Mouse အားကိုင်ရင်း အတွေး မကျန်စေရန် စာလုပ်ပါသည် ဆိုသော Lee မျိုးရိုး၏ တစ်ဦးတည်းသော သားက စာကို ရှေ့ချ၍ မျက်လုံးတို့က ကြောင်ကာ မှိန်ဖျဖျ...။

အဲ့ဒီ ကလေး...။

အဲ့ဒီ ကလေးက တစ်ချက်ကလေးတောင် အဆက်အသွယ် လှမ်းမလုပ်ခဲ့ဘူး။

နောက်ဆုံး ပို့ထားသော message ကလေးများက လွန်ခဲ့တဲ့ သုံးပတ်ရဲ့ ညနေခင်းမှာ သူက တက္ကသိုလ်ရှေ့ ရောက်နေပြီဖြစ်ကြောင်း လှမ်းအသိပေးရင်း Heeseung နှင့် အတူတူသွားစားချင်သော မုန့်ဆိုင်ကလေး၏ အကြောင်း စိတ်လှုပ်ရှားစွာ ရှင်းပြထားခြင်း။

အာရုံလွှဲတဲ့ နေရာမှာ သိပ်ကိုမှ တော်လှပါတယ် ဆိုတဲ့ Lee Heeseung က သတိရမိခိုက် ဖုန်းကလေးအား အသာ ဆွဲဖြစ်သည်။

ရှည်လျားတယ်လည်း မဟုတ် တိုတောင်းတယ်လည်း မဟုတ် စိတ်လှုပ်ရှားခြင်း အပြည့် စာစောင်တို့က တိုတုတ်သော 'အင်း' တစ်လုံးကိုတောင် တစ်ခါတလေမှ ပြန်စာအနေဖြင့် ရရှိသည်။

သိပ်ကိုမှ နီးစပ်ခဲ့တဲ့ ကလေးမို့ message တွေဖတ်ရင်း ဩရှတဲ့ အသံကပါ နားထဲ ပျော်ဝင်လာတော့ ခြောက်သွေ့တဲ့ နှုတ်ခမ်းတို့က အလိုလို ပြုံးလျက်သား...။

အဲ့ဒီ ကလေးက ကြိုးစားရန်မလို သိပ်ချစ်ဖို့ကောင်းတယ်။

အရပ်ကြီးနဲ့ အသံကတော့ ရှေ့သို့ ကြိုရောက်နေခဲ့ပေမဲ့ ပုံစံကလေးနဲ့ အပြုအမူတို့ကတော့ ငယ်စဉ်အခါက Heeseung ညီအရင်းလေးတစ်ယောက်လို ထွေးပွေ့ခဲ့သော ကလေးငယ်လေး Nishimura နှင့် တစ်ပုံစံတည်း တူသေးဆဲ။

You've reached the end of published parts.

⏰ Last updated: Mar 22 ⏰

Add this story to your Library to get notified about new parts!

𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗿𝗼𝘁𝗵𝗲𝗿  ▍𝗡𝗶𝗸𝗦𝗲𝘂𝗻𝗴Where stories live. Discover now