Ep.1

5K 329 41
                                    

ဆွတ်ဇလန် နဲ့ တောင်ကိုးရီးယား ဆိုးလ် အင်ချွန်းလေဆိပ်သို့သွားနေသည် ညလေယာဥ်တစီး....

အေးစိမ့်စိမ့်ရာသီဥတုနှင့်အတူလေခွင်တွေကိုဖြတ်သန်းရင်း လေယာဥ်တစီးဟာကောင်းကင်ပေါ်တွင်အကောင်းဆုံးပျံသန်းနေခဲ့သည်....

"နင်....နင်မဟုတ်မှ"

"တောင်း....တောင်းပန်ပါတယ် Unnie"

"ကယ်...ကယ်ပေးပါ...ငါ...ငါမရှိရင်...ငါ့ညီမလေးဒုက္ခရောက်သွားလိမ့်မယ်....ကျေး....ကျေးဇူးပြုပြီး"

မိုးသည်းထန်စွာရွာနေတဲ့နေ့တနေ့မှာ...ကျောင်းခေါင်မိုးထပ်တွင်ရင်ဘတ်၌ဓါးတန်းလန်းနှင့်အမျိုးသမီးတယောက်သည် ကျောင်းဝတ်စုံဖြင့်ကောင်မလေးတယောက်ကိုလဲကျနေရင်းမှအကူအညီတောင်းနေတယ်....

ထိုကျောင်းသူလေးသည် ပြေးကူညီမယ့်အစားရုပ်သေးရုပ်လေးလို ဒါမှမဟုတ် ကျောက်ရုပ်တခုလိုမိုးရွာကြီးထဲမတ်တပ်ရပ်ကာ မေ့မျောလုနီးနီးဖြစ်နေသောအမျိုးသမီးကို
ကြည့်ကာမျက်ဝန်းအိမ်ထဲကမျက်ရည်တွေစီးကျရင်း တောင်းပန်စကားတွေကိုပြောနေမိတယ်....

Lisa:ထွက်ပြေးတော့...မလုပ်လိုက်နဲ့...မကူညီနဲ့...ထွက်ပြေး....

ထိုကျောင်းသူလေးသည် ရှေ့သို့တဖြေးဖြေးတိုးကပ်လာပြီး လဲလျောင်းလျက်လက်လှမ်းနေသေူ အမျိုးသမီးရဲ့လက်တွေကိုဆုပ်ကိုင်ပေးလိုက်ပြီး....

"စိတ်မပူပါနဲ့...ကျွန်မ...ကျွန်မကူညီပေးမယ်"

Lisa:မဖြစ်ဘူး...ရပ်လိုက်...အဲ့လိုလုပ်လို့မဖြစ်ဘူး...

အမျိုးသမီးရဲ့ရင်ဝမှာစိုက်နေတဲ့ဓါးကိုထိုမိန်းကလေးကဆွဲနုတ်လိုက်
သည့်အချိန် သွေးများမြောက်များစွာထွက်လာပြီး ထိုမိန်းကလေး၏အကျီအဖြူတွေကိုပေကျံသွားစေခဲ့သည်...လက်တွေကိုရောပေါ့....

Lisa:မဖြစ်ဘူး...အဲ့လိုလုပ်လိုက်လို့မဖြစ်တာကို....

ထိုအမျိုးသမီးသည်အသက်ရူ၍မဝတော့သောလေယူလေသိမ်းဖြင့် ထိုမိန်းကလေး၏အကျီစတွေကိုဆွဲကိုင်ပြီး စကားတခွန်းသာပြောနိုင်ခဲ့ပြီးနောက် နေရာမှာတင်ဇီဝိန်းချုပ်သွားခဲ့သည်.....

Hug Me....Where stories live. Discover now