Ep.11

2.3K 248 38
                                    

အိမ်တော်ကြီးထဲသို့ Chae တို့ရဲ့ကားဝင်ရောက်လာပြီးသည်နှင့်အံသြစရာကုန်တင်ကားကြီးနှစ်စီးဟာခြံဝန်းထဲမှာခန့်ခန့်ညားညားရောက်နေတာကိုတွေ့လိုက်ရသည်...

ကားပေါ်ကဆင်းဆင်းချင်းတွင် ဦးလေးနှင့်ရန်ဖြစ်ထားတာကြောင့် Lisa ကခြံဝန်းထဲကခုံမှာထိုင်နေတဲ့ Lee Manoban ကိုနှုတ်တောင်မဆက်ဘဲအိမ်ထဲသို့ဝင်သွားသည်....

Chae: လေးလေးဘာလုပ်နေတာလည်း...မပြင်ဆင်ဘဲ...

"အာ...မသွားဖြစ်တော့ဘူး...မနက်ဖြန် Jennie မွေးနေ့မလား...ပြင်ဆင်စရာတွေများလို့နောက်ရက်ကိုရွေ့ထားလိုက်တယ်"

Chae:Company ကရော..

"တရက်တော့ပိတ်ရမှာပေါ့"

Chae: မဟုတ်သေးပါဘူး...ဘာလို့လည်း...

"Jennie မွေးနေ့မလို့လေ"

Chae: မဟုတ်ဘူးလေ..အမ Jennie ကလေးလေးလုပ်ပေးတဲ့ဘယ်မွေးနေပွဲကိုလက်ခံပေးတာရှိလို့လည်း...

"လက်ခံတာလက်မခံတာသူ့အပိုင်းဖြစ်ပြီး...လုပ်ပေးရမှာက လေးလေးတာဝန်မဟုတ်ဘူးလား...သူ့ရဲ့ခင်ပွန်းဘဲကို"

Chae:အတင်းလက်ထပ်ထားပြီးတော့...အဲ့ကုန်ကားနှစ်စီးကဘာလည်း...

"အင်း..လက်ဆောင်"

Chae:ဘယ်သူ့အတွက်လည်း...

"တစီးက Lisa အတွက် နောက်တစီးက Jennie အတွက်"

Chae: Lisa ကိုကုန်ကားကြီးမောင်းခိုင်းမလို့လား...

"မဟုတ်ဘူး..အထဲမှာကားအကောင်းတွေရှိတယ်"

Chae: သမီးအတွက်ကျတော့ရော...

"အဲ့မှာရှိနေတယ်လေ"

Chae:ဒါပေမယ့်လည်းဟောင်းနေပြီလေ..တူမအရင်းကိုကျမဝယ်ပေးဘူး...အကျင့်ယုတ်လိုက်တာ...အထဲဝင်ပြီ...

"အင်း..ဒါနဲ့ပြောစရာရှိတာကဘာလည်း"

Chae:ရှင်...

"ခဏကဖုန်းဆက်လာတယ်မလား...ပြောစရာရှိတယ်ဆိုပြီး"

Chae:အာ...နောက်မှ...

အထဲကိုဝင်သွားပြီးဖိနပ်ကိုချွတ်နေတုန်း အိမ်ရှေ့ကိုရောက်လာတဲ့နောက်ကားတစီးကြောင့် ဖိနပ်ကိုခက်ခက်ခဲခဲချွတ်နေရာမှမော့ကြည့်လိုက်သည်....

Hug Me....Where stories live. Discover now