Jen:ရှင်ကလူယုတ်မာဘဲ Lee Manoban!!!
ဖုန်းစိမ်းဖြစ်တာကြောင့်မကိုင်ဘဲနေဖို့လုပ်ပင်မယ့်လည်း ကျသွားခါနီးမှာကောက်ကိုင်လိုက်ပင်မယ့် ဖုန်းကိုင်ကိုင်ချင်းတွင်နားထဲတလုံးချင်းစိမ့်ဝင်လာအောင်ပြောနေသည်မှာတကိုယ်လုံးကိုတောင့်တင်းသွားစေကာ ကျောက်ရုပ်တခုလိုဖြစ်သွားစေသည်....
Jen: ပျော်လားမောင်အခုလိုဖြစ်သွားတာ..မောင်ကရှင်ဖန်တီးသလိုသတိပြန်မရလာတော့တာပျော်နေလား...
တဖက်ကမမြင်နိုင်ပင်မယ့်လည်းသူခေါတွေကိုခါယမ်းပစ်လိုက်သည်...သူကလွဲရင်ဘယ်သူမှမရှိတဲ့မှောင်မဲနေသည့်ဒီရုံးခန်းကြီးဟာကြောက်မက်စရာကောင်းလာခဲ့သည်....
"ငါ..ငါအဲ့လောက်ထိဖြစ်အောင်မလုပ်ခဲ့ဘူးလို့ပြောရင်မင်းယုံမှာလား"
တဖက်ကပြောလာသောနစ်နစ်နာနာစကားတွေသည်ပြောချင်ရာပြောကာဖုန်းကိုဆောင့်ပစ်ချသံတွေကြားရသည်...ဖုန်းကကျမသွားတာကြောင့် Lee Manoban ဆက်ပြီးဖုန်းကိုသူ့နားနားကပ်ထားမိတော့ ဆိုးဆိုးဝါးဝါးအော်ငိုသံတွေကိုသူကြားနေရသည်....
သူဘဲလား...သူလုပ်လိုက်တာလား အဲ့ငိုသံတွေဖြစ်စေဖို့လေ...အဲ့လိုငိုသံတွေထွက်လာအောင်သူဖန်တီးလိုက်မိတာလား...
ဖုန်းကိုစားပွဲပေါ်ပစ်ချလိုက်ပြီး ကားသော့ယူကာ အခန်းတံခါးကိုဖွင့်လိုက်သည်...အိမ်အောက်ထပ်ကိုအမြန်ပြေးဆင်းလာတော့...
"ဒါကဘယ်လည်း Lee Manoban "
လှေကားဝတွင်ရှိနေသောအိမ်တော်ထိန်းကြီးသည်သူ့လက်တွေကိုဆွဲကာပူပန်ခြင်းမျက်လုံးတွေနဲ့မေးလာခဲ့သည်....
"Jennie...Jennie"
ဆွဲထားလက်တွေကိုအားကုန်သုံးဖယ်ထုတ်နေသည့် Lee Manoban သည်တကိုယ်လုံးအားတွေယဲ့ယဲ့သာကျန်သည် အစားလည်းဟုတ်တိပတ်တိမစားသလို...ဖြူဖျော့နေသည့်နခမ်းတွေဟာသူမကျန်းမာကြောင်းကိုဖော်ပြနေသည်....
"ဖယ်ပါ...ကျွန်တော်သွားရမယ်..သူတခုခုဖြစ်နေပြီထင်တယ်"
"ဘာမှမဖြစ်ဘူး...သူအဆင်မပြေရင်သူ့ကိုထွေးပွေ့ပေးမယ့်လူတွေအများကြီး..မင်းသူ့ကိုလွတ်ပေးလိုက်တော့..လက်လွတ်ပေးလိုက်တော့!!!"
YOU ARE READING
Hug Me....
Fanfictionနာကျင်မူဆိုတာ ပျော်ရွှင်ရမယ်ဆိုတာသာသေချာနေခဲ့မယ်ဆိုရင်ထိုအရာတွေကနာကျင်မူတွေမဟုတ်ဘဲ ခဏတဖြုတ်ကြုံတွေ့ရတဲ့အခက်အခဲတွေပါ အကယ်၍ အကယ်၍များသာ ဝမ်းနည်းနေရရင် ဒါဟာနာကျင်မူမဟုတ်တော့ဘူး...ဒဏ်ရာဒဏ်ချက်ဆိုတဲ့ခေါင်းစဥ်အောက်မှာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးသောဟို့အတွ...