Ep.25

2.9K 262 46
                                    

Chae:Lisa ah..ဘာကိစ္စရှိလို့လည်း

Lisa:Chaeng ငါ့ကိုကယ်ပါအုန်း...

ဆန်ပြုတ်ပန်းကန်ကိုလက်နှစ်ဖက်နဲ့ကိုင်ထားတာကြောင့် Chaeyoung ရဲ့ဖုန်းဟာ Jisoo ရဲ့လက်ထဲမှာရှိနေပြီး speaker ဖွင့်ထားတာကြောင့် Lisa ရဲ့.ငိုနေသည်ဟုထင်ရသောအက်ကွဲနေသည့်အသံများကို နှစ်ယောက်လုံးပြတ်ပြတ်သားသားကြားလိုက်ရသည်....

အခန်းထဲတွင် သူတို့နှစ်ယောက်ထဲမဟုတ် Mina ပါရှိနေတာ
ကြောင့်Chaeyoung ဆန်ပြုတ်ပန်းကန်ကိုဘေးချကာ Jisoo လက်ထဲကဖုန်းကိုယူလိုက်ပြီး Speaker အမြန်ပိတ်ကာ အပေါ်ထပ်အကျီတထည်ကိုအမြန် ကောက်စွတ်လိုက်သည်...ပြီးတဲ့နောက် ဖုန်းကိုနားနားကပ်ကာအပြင်သို့ထွက်သွားသည်...

"အဲ့တာ Lalisa လား"

Lisa ဆိုတဲ့ Contact name ကိုမြင်ရဲ့သားနဲ့မေးလာတာကြောင့် Jisoo လေးပင်စွာပင်ခေါင်းငြိမ်ပြလိုက်တော့...အံသြသွားသောပုံစံ
ဖြင့်...

"တကယ် M Company ရဲ့ဆက်ခံသူ Lalisa လား...ဒါနဲ့သူကဘာလို့ငိုနေတာလည်း"

Jisoo: ငါကဘယ်လိုသိမှာလည်း..သိချင်ရင်လိုက်မေးပေါ့ ငါတို့ကိုမသိစေချင်လို့ ဖျားနေတာတောင် အပြင်ထွက်ပြောတာမတွေ့ဘူးလား...

"ဝါး...တကယ့်ကို Doctor ParkChaeyoung က Great Family တွေထဲကဘဲ...မိုက်လိုက်တာ"

Jisoo: အခုသိပြီလား ဘာလို့ငါကသူ့ကိုမချစ်သင့်လည်း ဘာလို့ငြင်းဆန်နေရလည်း

"နင့်ကိုပြောလိုက်ရင်အဲ့ဒါတွေဘဲ ထပ်ချည်းတလဲလဲ...Jisoo နင်အကြီးကြီးမသိသေးတာရှိတယ် အဲ့တာဘာလည်းသိလား နားမလည်မူတွေထဲမှာ ကိုယ့်နှလုံးသားကိုနားမလည်မူကအဆိုးဆုံးဘဲ...နင်လွန်မှားမိသွားပြီးမှ နောင်တရပြီးငိုနေလို့မရဘူးနော်"

Jisoo: နင်ပြောနေတာက မသိရင်ငါကဘဲ ParkChaeyoung ကိူကြိုက်နေတဲ့ပုံနဲ့...ငါ Lesbian မဟုတ်တဲ့အကြောင်းသေသေချာချာပြောပြထားပြီးသာနော်....ငါသူ့ကိုသေချာပေါက်ငြင်းမှာ အဲ့တာကြောင့်အဲ့အကြောင်းနဲ့ပက်သပ်ပြီးငါ့ကိုဘာတခုမှလာမပြောတော့နဲ့....

အောက်မှာချထာခဲ့တဲ့ ဆန်ပြုတ်ပန်းကန်ကိုယူကာအပြင်သွားဖို့ပြင်နေတဲ့ Jisoo ကြောင့်...

Hug Me....Where stories live. Discover now