အပိုင်း(၃)

3.5K 285 2
                                    

Unicode

ကိုကိုကြီးကို အမေတိုင်မည်ဆိုးတာကြောင့်သာ ပြန်လိုက်လာရသည်။ မမနွယ်နှင့် ဆော့ချင်သေးပါသည်။မမနွယ်က ငုဝါနှင့်ဆိုလျှင်တော့ ပျော်ရွှင်စွာ အမြဲဆော့သည်သာ။ မမနွယ်ပြုံးလိုက်တိုင်း ပေါ်လာတတ်သည့် ပါးကအခွက်ကလေးကို ငုဝါ သိပ်သဘောကျပါသည်။လက်ကလေးနှင့် ထိကြည့်ချင်သည်။သို့ပေမယ့် မမနွယ်မကြိုက်မည်ဆိုး၍ ထိတော့မထိကြည့်ပါ။ မထင်မှတ်ပဲ အတွေးလေးတစ်ခုက ခေါင်းထဲရောက်လာသည်။

-မမနွယ်မှာကျရှိပြီး ငါကျဘာလို့မရှိသလဲ။-

ဒါကြောင့် ဆွဲထားတဲ့ အမေ့လက်အား လှုပ်ကာမေးမိသည်။

"အမေ အမေ့"

"ဘာတုန်း ပြောပါတော်"

"မမနွယ်ပါးက အခွက်ကလေးကလေ မမဆီမှာကျရှိပြီး သမီးမှာကျ ဘာလို့မရှိတာလဲ"

"အော် သမီးလေးရယ် သမီးမှာရှိတဲ့ ဟောဒီမေးစေ့လေးက မှဲ့သေးသေးလေးကရော မမနွယ်ဆီမှာ ရှိသလားအမေ့ကိုပြော"

"ဟင့်အင်း"

"အင်း အဲ့သလိုပဲပေါ့ လူတစ်ယောက်ဆီတိုင်းမှာ ပင်ကိုယ်တံဆိပ်ကလေးတွေရှိတယ်လေ နွယ်နွယ့်မှာရှိတဲ့ ပါးချိုင့်လေးက အဲ့ဒါသူ့ရဲ့တံဆပ်ကလေးပေါ့ သမီးလေးကတော့ ဟောဒီ့မှဲ့လေး"

"ဟီး အဲ့ဒါဆို မမနွယ့်လို တံဆိပ်ကလေး သမီးမှာလည်း ရှိတာပေါ့ ပျော်တယ်ပျော်တယ်"

"နေပါဦး ချစ်သမီးလေးရဲ့ သမီးက နွယ်နွယ်နဲ့ကျ တူချင်တယ် ဟောဒီက အမေနဲ့ကျတော့ရော စိတ်မကောငးတော့ဘူး"

သမီးဖြစ်သူက တပြုံးပြုံးနှင့်ပြောနေတော့သည်မို့ အသဲယားလာကာ စလိုက်မိခြင်း။ တအားစကားတတ်သည့် ခလေးမို့ ဖြေလာမည်ကိုလည်း သိချင်ပါသည်။ ထို့ကြောင့် မျက်နှာမဲ့ကာ မေးမိတော့-

"အမေ့ရဲ့သမီးလေးဆိုမှတော့ အမေနဲ့ တစ်ပုံစံတည်းတူတာပေါ့ ဟီး ဒီမှာကြည့်"

ဟုဆိုလျက် မေးစေ့နား လက်ဝါးလေးနှစ်ဖက်ကပ်ပြကာ သွားညီညီလေးတွေပေါ်လာသည်အထိ ရယ်ပြလာသည်။ ချစ်စရာအတိပေမို့ ခေါင်းလုံးလုံးထက် ဆံပင်နွဲ့နွဲ့လေးတွေကိုဖွကာ ရယ်မိပါတော့သည်။

မူပိုင်နှင်းဆီजहाँ कहानियाँ रहती हैं। अभी खोजें