အပိုင်း(၁၂)

2.5K 217 2
                                    

Unicode

မမနွယ်ရဲ့ လက်ကောက်ဝတ်မှာ ချည်လျက်သား လက်ပတ်လေးအား လှမ်းကိုင်ရင်း...

"ငုဝါရော လိုက်လို့မရဘူးလားဟင်"

"ငယ်လေးက၈တန်းပဲရှိသေးတာ ဘယ်လိုက်လို့ရမှာလဲ"

"အသက်နှစ်နှစ်လောက်စောမွေးခဲ့ရင်ကောင်းမယ်"

"ဒီကလေးတော့"

ဒီညနေတော့ဖြင့် ဦးကြီးမောင်တို့လယ်ကွက်ထဲရှိ ကုက္ကိုပင်အောက်တွင် ကလေးမလေးနှစ်ယောက်တော့ နေတော်တော်စောင်းသည်အထိ ရှိနေကြပေတော့မည်။

မမနွယ်က ဆယ်တန်းပေမို့ နွေရာသီကျောင်းပိတ်ရက်ကတည်းက ဘော်ဒါဆောင်သွားနေရမည်။ မမနွယ်က သူမသွားခင် ငုဝါနဲ့ အမြဲအဖော်လုပ်ပေးသည်။မပျင်းရပါ။

သွားတော့လည်း ငုဝါရော မမမြတ်ရော ကိုကိုကြီးရောလိုက်ပို့ကြသည်။ ငုဝါကကိုကိုကြီးကိုကြောက်ပေမယ့် မမနွယ်ကို လိုက်ပို့တာမို့ ကြောက်ကြောက်နဲ့ပင် လိုက်ခဲ့ရသည်။
မမနွယ်ကတော့ တစ်ယောက်တည်း နေခဲ့ရမှာကသူ၊ စိတ်ပူပြီးမှာနေတာကတော့ ငုဝါကိုတဲ့။

"ငယ်လေး အစ်မမရှိဘူးဆိုပြီး စာမလုပ်ပဲမနေနဲ့ဦးကြားလား ပြောမယ့်လူမရှိဘူးဆိုပြီး ထင်တိုင်းကြဲမနေနဲ့"

"ဟင် မမနွယ်ကလည်း မသိရင် ငုဝါက လူဆိုးကျလို့ စာလည်း ကျက်ပါတယ် အိမ်စာဆိုလည်း အကုန်ပြီးအောင်လုပ်တာပဲကို"

"ပြီးတော့ ဟိုအမြွှာနှစ်ယောက်နဲ့ ပေါင်းပြီး သဝေထိုးမနေနဲ့ဦး ကျောင်းဆင်းရင်အိမ်တန်းပြန် မဟုတ်လို့ကတော့ ကိုကိုကြီးကိုကြိုခိုင်းမှာ"

"မမနွယ်ကလည်း..."

"မလည်းနေနဲ့ ဟုတ်ကဲ့လို့ပဲဖြေ စိတ်ချတာမဟုတ်ဘူး"

"ဟုတ်ပါပြီ ဟုတ်ကဲ့ ဟုတ်ကဲ့"

"ဒီနှစ်ယောက်ထဲက ဘော်ဒါမှာကျန်ခဲ့မယ့်လူက ဘယ်သူတုန်း"

မမမြတ်ဝင်ဟန့်တော့မှပဲ စကားသံတို့တိတ်တော့သည်။ နောက်မို့ဆို မှာတမ်းကုဋေကဋာနဲ့ ပြီးတော့မည်မဟုတ်ပေ။ပြန်ခါနီးပြောသေးတယ်။

"သတိရတဲ့အခါ မမမြတ်နဲ့စာထည့်ပေးလိုက်လို့ရတယ်"တဲ့လေ။

ဒီတစ်ခေါက်က ငုဝါမွေးကတည်းက မမနွယ်နှင့် အကြာကြီးခွဲရတာပဲ ။ အမြဲအရိပ်လိုရှိနေသည့် လူတစ်ယောက်အနားမှာ ရှိမနေတာဟာ တော်တော်ခြောက်ကပ်ကပ်နိုင်လွန်းသည်။ အမြဲစီးနေကျ စက်ဘီးလေး။ပြီးတော့ ညနေတိုင်းရတတ်တဲ့ နှင်းဆီအနွမ်းလေးတစ်ပွင့်။ ဒါတွေထက် ပိုင်ရှင်ကို ပိုလို့သတိရသည်။

မူပိုင်နှင်းဆီWhere stories live. Discover now