Unicode
တစ်နှစ်ပြည့်လျှင် အတူတူနေဖို့ရာ ကိုယ်ပိုင်ပိုက်ဆံလေးနဲ့ အိမ်နှင့်ခြံဝယ်ဖို့ရာ စီစဉ်ထားသည်။ငယ်လေးသိနှင့်ပြီးသာဆိုပေမယ့် ဝယ်ပြီးသွားတာကို သူမသိသေး။ ဒီနေ့ညနေ နွယ့်ဂျူတီကလည်းစောပြီးတာမို့ သွားစရာရှိလို့အတူလိုက်ခဲ့ပေးဖို့သာ ပြောထားသည်။အစီအစဉ်တစ်ပိုင်းတစ်စတွေလည်းရှိသေးသည်လေ။ နာရီလက်တံတို့ပုံမှန်ရွေ့လျားနေသည်ကိုပင် နှေးသည်ဟု ထင်နေမိသည်။ နွယ့်ရဲ့ ရွေးချယ်မှုကို ငယ်လေးသဘောကျလောက်ပါ့မလားလည်း သိချင်သည်။ ရင်ခုန်သည်။
"ယွန်း နွယ်သွားတော့မယ်နော်"
"အစီအစဉ်အောင်မြင်ရင် တစ်ဝိုင်းနော်နွယ်"
"စိတ်ချထားလိုက်တော့"
"ဒေါက်တာ စုလည်းပါတယ်နော်"
"နှစ်ယောက်လုံးကို ဝယ်ကျွေးမှာပါရှင့် အောင်မြင်အောင်သာ ဆုတောင်းပေးကြ"
"ဒါတော့စိတ်ချ"
အိတ်ကလေးဆွဲကာ ကားပါကင်သို့သာ ဦးတည်ခဲ့တော့သည်။ သဘောကျပေးရင် နွယ့်ကြိုးစားမှုလေး တကယ်အကျိုးရှိပါပြီ။ကားထဲတွင် နှင်းဆီနီမလေးတစ်ယောက်ကတော့ ပါးချိုင့်တွေပေါ်အောင်ပြုံးရင် ကားမောင်းထွက်သွားချေပြီ။ သီချင်းသံလွင်လွင်ကြား ခပ်တိုးတိုးလိုက်ညည်းနေမိသည်။ အချစ်။အချစ်က ငိုစေသလို ခုလိုလည်း ပျော်စေပြန်တာပါပဲလား။
အတွေးတို့လွင့်နေချိန် ဖုန်းဝင်လာသည်မို့ ကြည့်မိတော့ ငယ်လေးအနား နွယ်ကိုယ်တိုင်ရွေးပေးထားတဲ့ အတွင်းရေးမှုမလေးရွယ်-
"ဟယ်လို"
"ဟယ်လို ဒေါက်တာနွယ် မမလေး siteထဲမှာ လှေကားပေါ်ကခြေချော်ကျလို့..”
ဒီစကားဟာ နွယ့်ရင်ကိုမီးစနဲ့ထိုးလိုက်သလိုပူလောင်ရသည်။ကားမောင်းနေရင်းမို့ ရုတ်တရက်ကြီးလမ်းဘေးသို့ ထိုးရပ်လိုက်သည်။ တော်သေးသည်က လူရှင်းတဲ့လမ်းဖြစ်တာကြောင့်မို့သာ။
မျက်ဝန်းတို့တွင်လည်း အရည်ကြည်တို့ရစ်ဝိုင်းလာသည်။ဒေါသတွေလည်း ဖိတ်မခေါ်ပါပဲ ရောက်လာရသည်။
![](https://img.wattpad.com/cover/307222920-288-k85412.jpg)
YOU ARE READING
မူပိုင်နှင်းဆီ
Romanceအချစ်ဆိုတာမသိရှိသေးခင်အရွယ်ကတည်းကမြတ်နိုးစွာဖြစ်တည်ခဲ့သော ချစ်ခြင်းတစ်ခု။