အပိုင်း(၁၅)

2.7K 290 22
                                    

Unicode

"ဦးလေး စာထည့်ပေးချင်လို့”

“စာအပေးအယူလုပ်တဲ့သူတွေရှိသေးသကို အေးအေးသမီး”

စာမပြန်မိတဲ့အတွက် စိတ်ဆိုးနေဦးမည့် ကလေးငယ်ကို မြင်ယောင်မိရင်း မိမိရရ‌ပြုံးမိလိုက်သေးသည်။ပိတ်ရက်ဖြစ်လို့သာတော်တော့တာ။ကျောင်းစာက တစ်ဖက်၊သူများထက် ပိုကြိုးစားရသည်ကတစ်ဖက်နဲ့ အားတဲ့အချိန်ဆိုတာ ခပ်ရှားရှားရယ်။

“အန်တီ နွယ်ပြန်လာပြီနော်”

“အေးအေးသမီး ခဏလေးစောင့်ဦးပြီးမှသွားကြတာပေါ့”

“ဟုတ်ကဲ့”

အပြင်ကပြန်လာသည်နှင့် နွယ့်ကို ကားမောင်းသင်ပေးမယ်ဆိုတာကြောင့် ဘယ်မှမသွားဖြစ်တော့။ခုဖြင့် အလုပ်မအားဘူးထင်သည်။သို့သော် အားနာလို့မသင်တော့ပါဘူးပြောရင် တစ်နေ့လုံး ငါ့ကိုနင်တို့မောင်နှမ‌တစ်တွေက သံယောဇဉ်ကိုမရှိကြဘူးဆိုပြီး တစ်ညလုံး ဆူခြင်းမမည်သော ဆူခြင်းက လာပေးဦးမည်မို့ ဧည့်ခန်းကနေသာ ထိုင်စောင့်နေလိုက်တော့သည်။

“ကဲ ရပြီ သမီး သွားကြတာပေါ့”

“ဟုတ်အန်တီဒါနဲ့ အပြင်သွားဦးမှာလား အဝတ်အစားတွေလဲလာတော့”

“အန်တီကားမောင်းလည်းသင်ပေးရင်း အသိတစ်ယောက်အိမ်ကိုလည်းဝင်စရာရှိနေလို့ တစ်ခါတည်း လမ်းကြုံလို့ပါကွယ်”

“အော် ဟုတ်ကဲ့”

ကိုယ်နဲ့မသိတော့ ကားပေါ်ထိုင်နေရုံပေါ့လို့တွေးလိုက်မိတာ မှားသွားခဲ့တော့သည်။ ကားလေးသည် တရွေ့ရွေ့နှင်နေရင်း အိမ်ကြီးတစ်အိမ်၏အရှေ့တွင် ရပ်သွားတော့သည်။အိမ်ပုံစံကြည့်ရုံနဲ့တင် ဘယ်လောက်ချမ်းသာတယ်ဆိုတာ မှန်းစရာပင်မလို။ခြံဝန်းကလည်းတော်တော့်ကိုကျယ်တာ။ကားရပ်တာနဲ့ အထဲမှ အပြေးတစ်ပိုင်းထွက်လာသော ဦးလေးကြီးတစ်ယောက်-

“ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျာ”

“အော် ကျွန်မက ဒီအိမ်က ဒေါ်ခင်မမရဲ့မိတ်ဆွေပါ ဒေါ်မူယာလို့ပြောလိုက်ပါရှင်”

“ဟုတ်ကဲ့ ခဏလေးစောင့်ပေးပါနော်အစ်မ”

လှည့်ထွက်‌သွားသော ဦးလေးတော်တော်လှမ်းလှမ်းရောက်တော့မှ နွယ်တစ်ယောက်သိချင်တာမေးလိုက်တော့သည်။

မူပိုင်နှင်းဆီWhere stories live. Discover now