Part 4

257 23 6
                                    

ပြတင်းပေါက်က နေရောင်ခြည်ကြောင့် jimin နိုးလာခဲ့သည်...

ဆိုဖာကိုလှမ်းကြည့်တော့ ကွေးကွေးလေး အိပ်နေတဲ့ ထိုကောင်လေး...စောင်က အောက်ပြုတ်ကြနေသည်မို့ သွားတင်ပေးရန်ဆုံးဖြတ်လိုက်သည်...

သူကောင်လေးနားရောက်တော့ ကောင်လေးက သူ့ဖတ်ကို လှည့်လာသည်...

စောင်ခြုံပေးရင်း အကြည့်က ကောင်လေး နှုတ်ခမ်းကို ရောက်မိတော့ အာခေါင်ပဲ ခြောက်လာသလိုလို ရှိသည်...

ဆက်ကြည့်နေရင် တခုခုလုပ်မိတော့မည်ကို သိနေသည်မို့ အကြည့်လွှဲပီး ရေချိုးခန်းထဲ ဝင်လိုက်သည်... ။

.
.
.
yoongi နိုးလာပါပီ...ညကငိုထားသောကြောင့် မျက်လုံးတွေ နာနေသည်...

ကုတင်ကိုလှမ်းကြည့်တော့...ဟိုလူကြီးက ရှိမနေ...နောက်မှ ရေချိုးခန်းထဲက အသံ ကြားတော့...

သူရေချိုးနေတယ်နဲ့တူတယ်...
ခဏနေတော့ အပြင်ကို ထွက်လာပါပီ...

''နိုးနေပီလား...''

''hok..''

''ဟိုဘက်ခန်းမှာ မင်းနေလိုရပီ...ငါစီစဉ်ပေးထားတယ်...
အိန်းကျီ တွေကတော့ နေ့လည်မှ ငါစီစဉ်ခိုင်းလိုက်မယ်...''

''ဟုတ်...ဒါနဲ့လေ ကျနော်က ဒီမှာ ဘာလုပ်ရမှာလဲ...''

မေးလဲ မေးတက်ပါပေတယ်...ဘာလုပ်ရမှာလဲတဲ့...ပြောလိုက်ရင်တော့လား...ဟွန်း.. ဟွန်း...

''ငါ့မှာ အစေခံတွေရှိပီးသား..ဒါပေမဲ့... ငါခိုင်းတာတွေကိုတော့မင်းလုပ်ပေးရမယ်...ငါဒီနေ့အလုပ်သွားမှာမို့်...ငါမှာတာတွေ အားလုံးလုပ်ထား...''

''hok...''

''ငါက ငါ့အခန်းထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ဘူး...မင်းကချွင်းချက်...ငါ့ရဲ့ လျှော်ရမဲ့ အိန်းကျီ တွေကို လျှော်မဲ့ ကောင်မလေး လာယူလိမ့်မယ်...
အခန်းထဲက ထုတ်ပေးလိုက်...သူတို့မီးပူတိုက်ပီးလာပို့ရင်...
ယူပီူ ဗီရိုထဲ ထည့်လိုက်...ငါပြန်လာရင် လာကြို...ငါရေချိုးဖို့ ရေဆက်ထား...ငါနဲ့မှ ညစာစား...နေ့လည်စာကို ငါက အိမ်ပြန် မစားဖြစ်တော့...ကို့ပါကိုစား...မင်းလုပ်ရမှာ ငါနဲ့ ပတ်သက်တာတွေ ကြီးပဲ...ငါကိစ္စ ကလွဲရင် ဘာမှ လုပ်စရာမလိုဘူး...ပီးတော့...ငါ့ကို သခင်လို့ ခေါ်ရမယ် ''

သခင့်အရုပ်လေး(အမိန့်)Where stories live. Discover now