Part 6

260 27 1
                                    

yoongi ပျော်မိပါသည်...။

ဘာလို့ဆို သခင်က သူကို ဂရုစိုက်တယ်လေ...
အခုတော့... နေပြန်ကောင်းသွားပီ...သခင့် စေတနာတွေ ကြောင့်ထင်တယ်...။

သခင်မနိုးခင်...စောစောထပီး မနက်စာပြင်နေလိုက်သည်...။
အခုသူ ပြန်ဂရုစိုက်တော့မယ် မဟုပါလား...။

''မနက်စာတောင် ပြင်ပေးနိုင်ပီ ဆိုတော့ နေပြန်ကောင်းနေပီပေါ့...''

''ဟုတ်...သခင်...မနက်စာ ရပါပီ... ''

jimin မနက်စာစားနေတုန်း...yoongi ဘေးကသာ ကြည့်နေမိသည်...။
စားနေရင်းတောင် စတိုင်ကျနေသည်ကို...။

''မင်းလဲ...တခါထဲ ဝင်စားလေ...''

''ရပါတယ်... ကျနော်... နောက်ပီးမှ...''

''ငါက.. စားဆိုစားလိုက်ပေါ့...ငါ့အမိန့်ကို လွန်ဆန်ခြင်တာလား...''

''အဲ့လိုမဟုပါဘူး...စားပါ့မယ်... ''
(မနက်စာပါနော်...မေ့နေမှာစိုးလို့ 😪😪😪)

jimin မနက်စာစားပီးတော့...အလုပ်မသွားခင် yoongi ကို မှာစရာ ရှိတာ မှာလိုက်တယ်...

.
.
.
yoongi လဲ jimin ခိုင်းထားတာတွေ လုပ်နေလိုက်တယ်...

ခဏနေတော့ အကုန်ပီးသွားတယ်...ပင်ပင်ပန်းပန်းမဟုပါ...
ပင်ပင်ပန်းပန်းတွေ ခိုင်းလဲလုပ်မှာ ပါပဲ...ဘာလို့ဆို...
ကိုယ့် ခွက်ကြီးပဲ မို့လား...

.
.
.
ဘာလိုလိုနဲ့ ညနေစောင်းသွားပီ...
jimin ပြန်လာတော့ မှာမို့...ခြံထဲ လမ်းထွက်ရှောက်ရင်း...စောင့်နေမိတယ်...

ရေစပ်ပေးစရာလဲ မလိုတော့ပါ...သခင် က
အရင်တခါကလို ပြန်ဖျားမှာစိုးလို့တဲ့...အဲ့ဒီနောက်စပ်တွဲမှာ ပါတဲ့ စကားက ရင်ကိုနာကျင်စေတယ်... စိတ်ပူလို့လို့ထင်လား...နိုးပါ...ကျနော်နေမကောင်းဖြစ်ရင်...
သူ့အလုပ်တွေ ပျက်တယ် တဲ့လေ...

ဟုပါတယ်လေ...ကျနော်က သူ့အတွက်...

''အရုပ်''တစ်ရုပ်ပဲ မို့လား...

yoongi တွေးရင်းနဲ့ လမ်းလျှောက်နေတာ...အောက်ကိုမကြည့်မိတော့ ခလုတ်တိုက်သွားတယ်...လဲကျပီလို့ ထင်လိုက်ပေမဲ့...ထင်သလိုလဲကျမသွားပါ...
အကြောင်းအရင်းကတော့ သခင် အလုပ်ခန့်ထားတဲ့...အစောင့်တယောက်က လှမ်းဆွဲလိုက်လို့ပင်...

သခင့်အရုပ်လေး(အမိန့်)Where stories live. Discover now