ပိတောက် သက်သေ

1.1K 15 2
                                    

" ဆရာမ.... ဆရာမ.... "

" မီးမီးလေး.... ချော်လဲမယ်လေ "

ငါးဆင့်ချိုင့်ကြီးကိုင်ကာ သူမဆီအပြေးလာတဲ့ ကလေးမငယ်ကို စိုးရိမ်တကြီးပွေ့လိုက်ရင်း နွေ ပြုံးမိတော့ သူမကိုမော့ကြည့်ကာပြုံးပြလာတဲ့ ကလေးမ......

" မီးမီး ဘယ်ကိုလာတာလဲ "

" ဆရာမဆီကို လာတာလေ ....မီးမီးတို့အိမ်မှာ မုန့်မုန့်တွေအများကြီးလုပ်လို့ ဆရာမစားဖို့ လာပေးတာ ရော့ ရော့..... "

သူမအရပ်နဲ့ မလွတ်တလွတ် ငါးဆင့်ချိုင့်ကြီးကိုမနိုင်တနိုင်မြှောက်ပေးတော့ နွေ ချိုင့်ကိုတစ်ဖက် မီးမီးလေးလက်ကို တစ်ဖက်ဆွဲရင်း
နွေ အိမ်ထဲကနေဖြတ်ပြီး မီးဖိုချောင်ဆီတန်းဝင်ခဲ့လိုက်သည်။

သမီးဦး လို့ခေါ်တဲ့ ဒီကလေးမဟာ လွန်ခဲ့တဲ့ တစ်လခန့်ကမှ နွေ့ရဲ့ မူကြိုကျောင်းလေးမှာ
လာတက်တဲ့ ကျောင်းသူအသစ်စက်စက်ကလေးပါ.....

နွေက ဝါသနာအရင်းခံကာ နေ့ကလေးထိန်း မူကြိုကျောင်းဖွင့်ထားတာမို့ ကလေးငယ်များကို စာအရေးအဖတ် ကဗျာ တွေသင်ကြားပေးရုံသာမက ကဗျာနဲ့ ဆုံးမစာတွေကိုပါ အလျဥ်းသင့်သလို သင်ကြားပေးတတ်သလို ပုံပြင်ပြောပြခြင်း ကလေးငယ်များနဲ့ အချိန်ပေးကာ နားလည်မှုတည်ဆောက်ခြင်းတို့ကြောင့် မိမိဆီက ကလေးများအားလုံးကို
နားလည်သလို ကလေးတွေကလဲ ခင်မင်နှစ်သက်ကြသည်။

တစ်ကိုယ်ရည်သန့်ရှင်းခြင်း မှအစ ပြောဆို
စားသောက် သွားလာ အရာရာကို အသေးစိတ်သင်ကြားပေးတာမို့ မိဘတွေကလဲ နှစ်ခြိုက်ကြသည်။

နွေ့ရဲ့ မူကြိုကျောင်းလေးဟာ ၅ နှစ်ဆိုတဲ့အချိန်ကာလလေးအတွင်းမှာ မိဘတွေရဲ့ ချီးမွှမ်း ညွှန်းဆိုထောက်ခံမှုတွေနဲ့အတူ ယုံကြည်အားကိုးမှူကိုပါ အတူလက်ခံရရှိခဲ့သည်လေ။

ထိုကလေးများထဲမှာမှ အရမ်းကိုစကားတတ်ပြီး ချစ်စရာကောင်းလွန်းတဲ့ ဒီကလေးမ ဟာ
နွေ့ကို ဆရာမ ဆရာမနဲ့ပါးစပ်ကမချအောင် အလွန်ချစ်ခင်နှစ်သက်သလို နွေကလဲ ရင်ထဲအသည်းထဲကကို လှိုက်လှဲစွာ ချစ်ခင်ရသော
ကလေးလေးပါ။

ဝတ္ထုတိုများ..... Where stories live. Discover now