ပြန်လည် တမ်းတခြင်း ( ဝတ္ထုတို စ / ဆုံး)

557 5 0
                                    

ကျွီ !!

မီးပျက်နေတာကြောင့် အနည်းငယ်မှောင်နေတဲ့အခန်းထဲမှာ အလင်းရောင်ရရန်အလို့ငှာ သူမ သစ်သားပြတင်းတံခါးကို တွန်းဖွင့်လိုက်တော့ အိုဟောင်းနေတဲ့ တံခါးရွက်တွေက ကျွီ ကနဲ အသံရှည်ဆွဲကာ ထွက်လာခဲ့သည်။

မျက်နှာကျက်က ပန်ကာကြီးကရပ်တန့်နေပေ
မယ့် ပြတင်းကတိုးဝင်လာတဲ့ လေအေးအေးလေးတွေကခြံထဲက သစ်ပင်ပန်းမာန်တွေကို ဖြတ်သန်းတိုက်ခတ်လာတာကြောင့် ပန်းရနံ့တွေကနေ သစ်ရွက်နံ့တွေအထိ ရောထွေးလို့နေသည်။

သူမ တရော်ကင်ပွန်းနံ့သင်းသင်းနဲ့ လျှော်ထားပြီးကာစ ဆံပင်များကိုစုကိုင်ကာ ဝါးပက်လက်ကုလားထိုင်လေးမှာ ခေါင်းမှီထိုင်လိုက်ပြီးမှ ဆံပင်တွေကို အနောက်ဘက်ဖြန့်ချထားလိုက်သည်။

နှီးယပ်တောင်ကြီး တဖျတ်ဖျတ်ခပ်ကာ ဘေးနားက စာအုပ်များစွာ အစီအရီထပ်တင်ထားတဲ့စာအုပ်စင်လေးရဲ့ ထပ်ဆုံးက ပါကင်မဖောက်ရသေးတဲ့ စာအုပ်အသစ်လေးကို လှမ်းယူလိုက်တော့တယ်....

" အညာရယ် အလွမ်းရယ် မိချောရယ်..... "

မကြာခင်ရက်ပိုင်းမှာ ကျရောက်လာတော့မယ့် သူမရဲ့မွေးနေ့အတွက် ညီမလေးလိုခင်မင်ရတဲ့ ကလေးမတစ်ယောက်ဆီက ဒီနေ့ပင်ရောက်လာသော လက်ဆောင်စာအုပ်လေးပင်......

တကယ်ဆို စာအုပ်မြင်ရင်ထိန်းချုပ်မရတဲ့သူမအနေနဲ့ စာအုပ်လေးရောက်ကတည်းက ဖတ်ချင်လှတာပေမယ့် တစ်နေ့တာအတွက်အိမ်မှုကိစ္စ ချက်ပြုတ် လျှော်ဖွပ် သန့်ရှင်းနေရင်း တစ်ကိုယ်ရည်သန့်စင်ကာ အားလပ်ချိန်ဖြစ်သွားတဲ့ ဒီအချိန်ရောက်ဖို့ စောင့်နေခဲ့ရခြင်းသာ......

စာအုပ်လေးတွေ လက်ထဲရောက်လာရင် တယုတယလုပ်နေကျအမူအကျင့်အတိုင်း နှာခေါင်းဝတေ့ကာ တဝကြီးရှူရှိုက်ပစ်လိုက်မိတော့ စာရွက်ရနံ့သင်းသင်းလေးတွေက သူမကို ကြည်နူးသွားစေခဲ့သည်....

ထို့နောက် ပထမဆုံး စာရွက်တစ်ခုကိုလှန်ကာ စာအုပ်လေးကို သူမ စတင်ဖတ်ရှူလိုက်မိတော့သည်.....

တစ်ရွက်......

နှစ်ရွက်.....

သုံးရွက်.....

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Nov 13, 2022 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ဝတ္ထုတိုများ..... Où les histoires vivent. Découvrez maintenant